ပရိသတ်တွေလေ့လာလို့ရမဲ့ ထိုင်းနိုင်ငံသားလေး Bam Bam ရဲ့ အတုယူစရာ Reply ပြန်ခြင်းအနုပညာ

GOT7 ရဲ့ ထိုင်းနိုင်ငံသားလေး Bam Bam ကတော့ ပရိသတ်တွေနဲ့ မကြာခဏ အချိတ်အဆက်ပြုလုပ်လေးရှိသူတစ်ယောက်ဖြစ်ပါတယ်။ Social Media တော်တော်များများကိုလည်း အသုံးပြုသူဖြစ်ပြီး ပရိသတ်တွေနဲ့ ရင်းနှီးပွင့်လင်းတဲ့ဆက်ဆံရေးရှိတာကြောင့် အားလုံးရဲ့အချစ်ကို ရရှိထားသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

January 13 ရက်နေ့တုန်းက Bam Bam ဟာ Twitter Fantalk တစ်ခုပြုလုပ်ခဲ့ပြီး သူ့ရဲ့ Reply တွေကြောင့်ပဲ အားလုံးက သဘောတွေ့ခဲ့ကြရပါသေးတယ်။ မကြာသေးခင်အချိန်တုန်းကပဲ Bam Bam ဟာ “Alittle fantalk Before I sleep” ဆိုတဲ့ Caption နဲ့အတူ ပရိသတ်တွေနဲ့ စကားစမြည်ပြောခဲ့တာပါ။

ချက်ချင်းဆိုသလိုပဲ အားပေးသူတွေဟာ မေးခွန်းတွေမေးရင်း၊ စာတွေပို့ရင်းနဲ့ comments ပေါင်းများစွာထဲကမှ Bam Bam ရဲ့ အာရုံကိုရအောင် ကြိုးစားခဲ့ကြတာပါ။ ဒီထဲမှာမှ ပရိသတ်တချို့ကတော့ Bam Bam ရဲ့ Reply ကို ရရှိခဲ့ပြီး Bam Bam ရဲ့ အပြောတတ်မှုတွေကြောင့် ပျော်ရွှင်စရာအခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့ကြပါတယ်။

“Bam Bam ရေ နင်က ငါ့ရဲ့ အနာဂတ်ရည်းစားနဲ့ တူလိုက်တာ” ဆိုတဲ့ Comment အောက်မှာဆိုရင် Bam Bam က “ရည်းစား..??? မဟုတ်ဘူးလေ။ မင်းရဲ့ယောက်ျားပါ” ဆိုပြီး ရွှတ်နောက်နောက်နဲ့ Reply ပြန်ခဲ့ပါတော့တယ်။ Comment ပေးတဲ့ account ရဲ့နာမည်ဟာ “Bam’s Wife” ဖြစ်တာကြောင့် Bam Bam ဟာ အခုလိုပဲ Reply ပြန်ပေးခဲ့တာပါ။

ပရိသတ်တွေကတော့ ထိုအကောင့်ပိုင်ရှင်နဲ့ Bam Bam ရဲ့ အပြန်အလှန်အပြောအဆိုတွေကိုကြည့်ရင်း သဘောကျရင်း ပျော်ရွှင်နေခဲ့ပါတော့တယ်။ နောက်ထပ် Bam Bam ရဲ့ အတုယူစရာ Reply ပြန်ခြင်း အနုပညာတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • “She is my BFF”

  • “Wow… Latte have a Twitter?”

  • “Probably Close My eyes”

  • “I eat Handsome”

  • “That’s a good one” တို့ပဲ ဖြစ်ပါတယ်။

Bam Bam ရဲ့ Reply တွေဟာ တကယ်ကို ဟာသဉာဏ်ရွှင်နေပြီး “မအိပ်ခင် မျက်လုံးမှိတ်တယ်”၊ “ညစာအတွက် ချောမောခြင်းတွေကို စားတယ်” စတဲ့ Reply တွေဟာ တကယ်ကို ရီစရာလည်းကောင်းသလို ချစ်စရာလည်းကောင်းနေပါတယ်။

Bam Bam တို့ ဉာဏ်ရွှင်ပုံကတော့ တကယ်ကို အပျော်တွေကူးစက်စေပါတယ်။ Bam Bam အပါအဝင် GOT7 အဖွဲ့ဝင်တွေကတော့ သူတို့ရဲ့ကတိအတိုင်း တစ်ယောက်ချင်းစီရဲ့ လှုပ်ရှားမှုတွေကို ပရိသတ်တွေနဲ့အချိတ်အဆက်ပြုလုပ်ကာ အသိပေးနေဆဲဖြစ်ပါတော့တယ်။

Source: kpopstarz
Photos: Twitter
Written: Nay Chi

Share