လက်လွှတ်မခံဘဲကြည့်သင့်တဲ့ ဇာတ်လမ်းစုံတွဲအမိုက်စားတွေပါဝင်တဲ့ 2021 Thai TV3 ဇာတ်လမ်းသစ်များ

ထိုင်းဇာတ်လမ်းတွဲတွေကတော့ နာမည်ကြီးဝတ္ထုတွေကိုပြန်လည်ရိုက်လေ့ရှိပေမဲ့ အသစ်ထွက်လာမဲ့ Thai TV3 က ဇာတ်လမ်း ၄ ခုကတော့ ဇာတ်ညွှန်းအသစ်တွေနဲ့ ပရိသတ်တွေစောင့်မျှော်နေကြတဲ့ ဇာတ်လမ်းစုံတွဲတွေလည်းဖြစ်ပါတယ်။

Bad Romeo

“Bad Romeo” ကတော့ ဇာတ်ညွှန်းအသစ်ဖြစ်ကြောင်း producer Anne Thongprasom က အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ ပါဝင်ရိုက်ကူးမဲ့မင်းသားနဲ့မင်းသမီးကလည်း ထိုင်းရုပ်ရှင်လောကရဲ့ ဒိတ်ဒိတ်ကြဲတွေဖြစ်ကြတဲ့ Mario Maurer နဲ့ Yaya Urassaya တို့ပဲဖြစ်ပါတယ်။ အမိုက်စားအတွဲဖြစ်တာကြောင့် ဇာတ်လမ်းထွက်လာရင် လက်လွှတ်မခံပါနဲ့နော်။

Dare to Love: Hai Ruk Pipaksa

ထိပ်တမ်းမင်းသမီး Bella Ranee နဲ့အတူ Kongthap Peak တို့ရဲ့ “Dare to Love: Hai Ruk Pipaksa” ကတော့ အသက်ကွာခြားတဲ့ မနဲ့မောင် ဇာတ်လမ်းစုံတွဲသစ်ဖြစ်ပါတယ်။ ဇာတ်ညွှန်းအသစ်ဖြစ်ပြီး ရိုက်ကူးရေးကလည်းမကြာသေးခင်ကမှပြီးစီးသွားတာဖြစ်လို့ မကြာခင်ထွက်လာတဲ့အခါကျရင် ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦး။

Karat Ruk

“Karat Ruk” ဇာတ်လမ်းသစ်ကလည်း အသက်ကွာခြားတဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ၂၀၂၁ အတွက် ရေပန်းစားနေတဲ့ဇာတ်လမ်းဖြစ်ပြီး အဓိကဇာတ်ဆောင်တွေကလည်း James Jirayu နဲ့ Anne Thongprasom တို့ဖြစ်တာကြောင့် အားလုံးက မျှော်လင့်တကြီးစောင့်မျှော်နေကြပါတယ်။

Pitsawart Kartagame

ထိပ်တန်းမင်းသား James Jirayu ရဲ့ နောက်ထပ်ဇာတ်လမ်းတွဲသစ်မှာတော့ တက်သစ်စနာမည်ရမင်းသမီးလေး Gina Yeena နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ “Pitsawart Kartagame” လို့ အမည်ရပြီး ၂၀၂၁ အတွက် လက်လွှတ်မခံသင့်တဲ့ နောက်ထပ်ဇာတ်လမ်းသစ်လည်း ဖြစ်ပါတော့တယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share