ARMY တို့အတွက် မှတ်တမ်းသစ်ရေးထိုးလိုက်တဲ့ BTS ရဲ့ “Fake Love” သီချင်း

BTS ရဲ့ သီချင်းကောင်းပေါင်းများစွာကတော့ သီချင်းနားဆင်သူတွေရဲ့ကြားမှာ ထိုးဖောက်ဝင်ရောက်နေခဲ့ပြီး ထွက်သမျှသီချင်းတိုင်းကလည်း အားပေးသူတွေဂုဏ်ယူနိုင်အောင် စံချိန်တွေချိုးရင်း မှတ်တမ်းသစ်တွေစိုက်ထူနေပါတယ်။

ဒီတစ်ခါမှာလည်း မသိတဲ့သူမရှိလောက်တဲ့အထိ ရေပန်းစားခဲ့တဲ့ “Fake Love” သီချင်းကတော့ BTS အဖွဲ့နဲ့ ARMY တို့အတွက် နောက်ထပ်အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူပေးခဲ့ပါပြီ။ “Fake Love” သီချင်းဟာဆိုရင် ဆန်းသစ်တဲ့တေးသွားနဲ့အတူ BTS အဖွဲ့ရဲ့ အမိုက်စားအသံ၊ အပျံစားကကွက်တွေကြောင့် စတင်ထွက်ရှိကတည်းက ပြည်တွင်းပြည်ပအနှံ့နှံ့မှာ ဟိုးလေတကျော်ဖြစ်ခဲ့ရတာပါ။

အောင်မြင်မှုများစွာသိမ်းပိုက်ထားနိုင်ခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်တာကြောင့် နောက်ထပ်မှတ်တမ်းအသစ်အဖြစ် January 17 ရက်နေ့မှာပဲ BTS ရဲ့ “Fake Love” သီချင်းဟာ Youtube မှာ ဝင်ရောက်ကြည့်ရှုသူ 850 million ရရှိခဲ့တာဖြစ်ကြောင်း KST ဖက်ကနေ ကြေငြာပေးခဲ့ပါတယ်။

“Fake Love” သီချင်းကတော့ BTS အဖွဲ့အတွက် 850 Million viewer ရရှိခဲ့တဲ့ တတိယမြောက်သီချင်းဖြစ်ပြီး “DNA” နဲ့ “Boy With Luv” ကလည်း မှတ်တမ်းတင်ထားတာပါ။ BTS အဖွဲ့ဟာ “Fake Love” သီချင်းကို May လ ၁၈ ရက်နေ့ ၂၀၁၈ ညနေ ၆ နာရီမှာ ထုတ်လွှင့်ပေးခဲ့တာဖြစ်ပြီး ၂နှစ်၊ ရလ နဲ့ ရက် ၃၀ အကြာမှာ ကြည့်ရှုသူ 850 million ရရှိခဲ့ကာ မှတ်တမ်းသစ်ရေးထိုးခဲ့ပါတော့တယ်။

BTS အဖွဲ့ကတော့ YouTube မှာ ဒီလိုမြင့်မားတဲ့စံချိန်တွေကို တင်ထားနိုင်ခဲ့တဲ့ Kpop group ဖြစ်အောင် အားပေးသူတွေကလည်း အပြည့်အဝပံ့ပိုးခဲ့ကြပါတယ်။ နှလုံးသားချင်းနီးနေတဲ့ Kpop အဖွဲ့နဲ့ Fandom အတွက်တော့ အောင်မြင်မှုဆိုတာကို အကြိမ်ကြိမ်ဆွတ်ခူးရင်း မကြာခဏဂုဏ်ယူနေနိုင်ပါတော့တယ်။

Source: Soompi
Photos: Twitter
Written: Nay Chi

Share