ငယ်စဥ်ကဖြစ်ချင်ခဲ့တဲ့စိတ်ကူးအိပ်မက်တွေကို ပြောပြခဲ့ဖူးတဲ့ နာမည်ကြီးထိုင်းအနုပညာရှင် (၄) ဦး

လူတိုင်းမှာတော့ ငယ်ရွယ်စဥ်တုန်းကဖြစ်ချင်ကြတဲ့စိတ်ကူးအိပ်မက်တွေ ကိုယ်စီရှိကြပါတယ်။ ထိုင်းနာမည်ကြီးသရုပ်ဆောင် ၄ ယောက်ကလည်း သူတို့ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ရည်မှန်းချက်တွေကိုပြောပြခဲ့ဖူးပါတယ်။

Mai Davika

အလှသွေးကြွယ်ပြီး ဆွဲဆောင်မှုရှိလွန်းတာကြောင့် အနုပညာလောကထဲမှာ နာမည်ကြီးသူ Mai Davika ကတော့ ငယ်စဥ်ဘဝက စီးပွားရေးလုပ်ချင်ခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်လုပ်ရတာကိုနှစ်သက်ခဲ့တာကြောင့် ကြီးလာတဲ့အခါကျရင် အဓိကအားဖြင့် ပဲနို့ရောင်းချင်ပါတယ်တဲ့။ Mai သာ ကုန်သည်လုပ်လိုက်ရင် လာဝယ်တဲ့သူတွေနဲ့ စီးပွားတော်တော်ဖြစ်နေတော့မှာပါပဲ။

Yaya Urassaya

ဆုများပိုင်ရှင် ထိပ်တန်းမင်းသမီးချော Yaya Urassaya ရဲ့ ငယ်စဥ်ဘဝရည်မှန်းချက်ကတော့ တော်တော်လေးကောင်းပါတယ်။ ငယ်ငယ်လေးတုန်းက တရားမျှတမှုတွေနဲ့ပတ်သက်ရင် သဘောကျတာကြောင့် ရှေ့နေတစ်ယောက်ဖြစ်ချင်ဖူးတယ်လို့ ပြောပြခဲ့တာပါ။ Yaya လေးသာ အနုပညာလောကထဲကိုမဝင်ခဲ့ရင် အခုချိန်မှာ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ ရှေ့နေမလေးဖြစ်နေလောက်ပါပြီနော်။

James Jirayu

အပြုံးချိုချိုလေးနဲ့ နာမည်ကျော်မင်းသားချော James Jirayu ကတော့ ငယ်ငယ်လေးတုန်းက Game ဆော့ရတာကို တအားကြိုက်ပါတယ်တဲ့။ ဒါ့ကြောင့်လည်း James Jirayu ဟာ အတော်ဆုံး Gamer တစ်​ယောက်ဖြစ်လာဖို့ စိတ်ကူးယဥ်ခဲ့ပါတယ်။

သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့တောင် computer program ပိုင်းနဲ့ပတ်သက်ပြီး လေ့လာဖို့ စီစဥ်ခဲ့ပါသေးတယ်။ အိပ်မက်တွေသာ လက်တွေ့ဖြစ်လာခဲ့ရင်လည်း Gamer ချောချောလေးဆိုပြီး အားလုံးက Support ကြဦးမှာပါပဲ။

Bella Ranee

တည်ငြိမ်အေးချမ်းပြီး ကျက်သရေရှိတဲ့အလှပဂေးလေး Bella Ranee ကတော့ ငယ်ငယ်လေးတုန်းက လေယာဥ်မယ် ဖြစ်ချင်ခဲ့တာပါတဲ့။ လက်ရှိမှာ ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ်နေရာယူထားတဲ့ Bella လေးသာ စိတ်ကူးယဥ်အိပ်မက်ထဲကအတိုင်း လေယာဥ်မယ်ဖြစ်ခဲ့မယ်ဆိုရင် လုံးဝကို Smart ကျနေမှာဖြစ်ပြီး နိုင်ငံတကာ ခရီးသည်တွေကြားမှာ ရေပန်းစားဦးမှာ အမှန်ပါပဲ။

Source: ThaiUpdate
Photos: Twitter
Written: Nay Chi

Share