Tzuyu လေးရဲ့ သဘာဝအလှတရားဟာ ဘယ်လောက်တောင်သတင်းမွှေးနေသလဲဆိုတော့…

သိပ်မကြာသေးခင်ကပဲ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး plastic surgeon တစ်ယောက်ဖြစ်သူ Mikiya Takasu ကတော့ မျက်နှာပြင်ဆင်ကြဖို့ လာရောက်ကြတဲ့ မိန်းကလေးတော်တော်များများ တောင်းဆိုကြတဲ့ နာမည်ကျော်အနုပညာရှင်စာရင်းကိုပြောပြခဲ့ပါတယ်။

ဒီစာရင်းထဲမှာတော့ ဂျပန်နိုင်ငံသူ နာမည်ကြီးအနုပညာရှင်တွေအပါအဝင် TWICE အဖွဲ့ရဲ့ ထိုင်ဝမ်နိုင်ငံသူလေး Tzuyu က အလှဆုံးမျက်နှာပိုင်ရှင်လေးအဖြစ် ထုတ်ဖော်ပြောကြားခံခဲ့ရပါတော့တယ်။ Mikiya Takasu ဟာ အလှအပစံနှုန်းတွေ၊ အချိုးကျသေသပ်တဲ့ မျက်နှာပိုင်ရှင်တွေကိုပြောပြခဲ့ပြီး Nagoya ရဲ့ မိန်းကလေးတော်တော်များများ တောင်းဆိုလေ့ရှိတဲ့ အနုပညာရှင်တွေကိုပြောပြခဲ့တာပါ။

Mikiya ကတော့ “Tzuyu ရဲ့ မျက်နှာပုံစံကို မိန်းကလေးတော်တော်ကြိုက်ကြတယ်။ ထိုင်ဝမ်သူလေးရဲ့ သဘာဝအလှကတော့ တကယ့်ကိုစံထားရပါတယ်။ ပြစ်ချက်မရှိဘူးလို့တောင် ပြောရမှာပေါ့။ Tzuyu ရဲ့အလှကတော့ Perfect ပါပဲ” ဆိုပြီး ချီးကျူးပြောဆိုခဲ့တာပါ။

Tzuyu ရဲ့ အလှကတော့ ခန္ဓာကိုယ်လေးကော၊ ရုပ်ရည်လေးကော သဘာဝအတိုင်း လှပတောက်ပနေသူလေးဖြစ်တာကြောင့် အားလုံးထဲမှာတော့ ထင်းနေသူလေးတစ်ယောက်လည်းဖြစ်ပါတယ်။ Mikiya Takasu ဟာဆိုရင် ဆေးခန်းကိုလာတဲ့မိန်းကလေးတွေကို “မင်းတို့ ခွဲစိတ်လိုက်ရင် Tzuyu နဲ့ တူပြီလို့ တွေးရင်တွေးမှာပေါ့။

ဒါပေမဲ့ အဲ့လိုတွေးတာကိုက အကြီးကြီးမှားနေပြီ။ Tzuyu လို သဘာဝအတိုင်းလှဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး” ဆိုပြီး သတိပေးရကြောင်း ဖောက်သည်ချခဲ့ပါသေးတယ်။ Tzuyu ကလည်း သူမရဲ့ပြစ်မျိုးမှဲ့မထင်အလှကြောင့်ပဲ ၂၀၁၉ ခုနှစ် TC Candler ကထုတ်ပြန်လိုက်တဲ့ “The most beautiful woman in the world” အဖြစ် သတ်မှတ်ခံခဲ့ရပါသေးတယ်။ စင်ပေါ်မှာဆိုရင် ရင်သပ်ရှုမောဖွယ်အလှအပနဲ့ တင့်တယ်ချောမောနေသလိုပဲ သဘာဝအတိုင်းဆိုရင်လည်း လည်ပြန်ငေးရလောက်တဲ့ Tzuyu လေးပါပဲ။

အလှအပစံနှုန်းတွေနဲ့ကိုက်ညီနေသူလေး Tzuyu ကတော့ TWICE အဖွဲ့ရဲ့ ထိုင်ဝမ်နိုင်ငံသူလေးဖြစ်ပြီး သီချင်းသီဆိုတဲ့နေရာမှာလည်း ချစ်စရာကောင်းအောင်တင်ဆက်ဖျော်ဖြေနိုင်သူလေးဖြစ်တာကြောင့် အားပေးသူအများအပြားလည်းရှိနေပါတယ်။ အလှပဂေးလေးတွေရဲ့ စာရင်းဝင်တွေကိုထုတ်ပြန်လိုက်တိုင်း Tzuyu က မပါမဖြစ်ဘဲမို့လို့ သူမရဲ့ သဘာဝအလှတရားကတော့ တကယ်ကို ဘုရားပေးတဲ့ဆုလာဘ်တစ်ခုပါပဲ။

Source: kpopstarz
Photos: Twitter
Written: Nay Chi

Share