၂၀၂၁ မှာပဲ အားလုံးမျှော်လင့်နေကြတဲ့ ထိုင်းအနုပညာရှင်စုံတွဲအသစ်လေး ထွက်ပေါ်လာပါပြီ

“2 Moon:The series” ဇာတ်လမ်းတွဲနဲ့နာမည်ကျော်ကြားလာတဲ့ မင်းသားချော God Itthipat ကတော့ “Shadow of Love” ဇာတ်ကားထဲမှာ မင်းသမီးချော Richy Oranate နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပြီးနောက် ပရိသတ်တွေဟာ သူတို့အတွဲလေးကို အပြင်မှာပါ တကယ့်ချစ်သူတွေဖြစ်လာကြဖို့ မျှော်လင့်အားပေးခဲ့ကြပါတယ်။

ဇာတ်လမ်းထဲမှာ တကယ်ကိုအတွဲညီပြီး လိုက်ဖက်ညီလွန်းနေတာကြောင့် ပရိသတ်အကြိုက်ဆုံး ဇာတ်လမ်းစုံတွဲဖြစ်လာခဲ့ပြီး ဒီနှစ် ၂၀၂၁ ခုနှစ် အစောပိုင်းမှာပဲ ချစ်သူတွေဖြစ်နေကြောင်း ပုံလေးတွေတင်ပေးရင်း အားပေးသူတွေကို တရားဝင်အသိပေးခဲ့ပါတယ်။

January လ ၁၇ ရက်နေ့မှာတော့ God ဟာ “နောက်ဆုံးတော့ မင်းကို ရှာဖွေတွေ့ရှိခဲ့ပြီ” ဆိုတဲ့ Caption နဲ့အတူ Richy ကို tag တွဲရင်း နှစ်ယောက်သားပုံလေးကို စတင် တင်ပေးခဲ့တာပါ။ ထိုပုံလေးမှာပဲ Richy ဟာ “စောင့်ရကျိုးနပ်ပါတယ်” လို့ comment ပေးခဲ့ပြီး အပြန်အလှန် Ro နေကြပါတော့တယ်။  ပရိသတ်အားလုံးကတော့ သူတို့နှစ်​ယောက်စလုံး တကယ့်အတွဲလေးဖြစ်လာတဲ့အတွက် အားလုံးကကျေနပ်ပျော်ရွှင်နေပါတော့တယ်။

Richy ကလည်း သူမရဲ့ IG မှာပဲ “I am lucky to have a friend like you” ဆိုတဲ့ caption လေးနဲ့အတူ ‘Lucky, I’m in love with my best friend’ ဆိုပြီး Hashtag နဲ့အတူ နှစ်​ယောက်တွဲပုံလေး ထပ်တင်ပေးခဲ့ပြန်ပါတော့တယ်။ ပရိသတ်ပေါင်းများစွာကတော့ အတွဲသစ်လေးရဲ့ အပြန်အလှန်ကြည်နူးပျော်ရွှင်နေတာကိုကြည့်ရင်း အပျော်တွေကူးစက်နေရပါတော့တယ်။

အနုပညာရှင်စုံတွဲတွေ များစွာရှိတဲ့ထိုင်းအနုပညာနယ်ပယ်ထဲမှာပဲ နောက်ထပ် ချစ်စရာကောင်းတဲ့ God Itthipat နဲ့ Richy Orante တို့ အတွဲသစ်လေးကတော့ နှစ်သစ်ရဲ့အစမှာပဲ အစပျိုးခဲ့ပြီဖြစ်ပါတယ်။သံယောဇဥ်အချစ်ကြိုးလေးကတော့ မင်္ဂလာခန်းမထဲရောက်တဲ့အထိ ခိုင်မြဲပြီး ပျော်ရွှင်စရာအနာဂတ်ဘဝခရီးကို နှစ်ယောက်အတူဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: ThaiUpdate
Photos: Instagram
Written: Nay Chi

Share