Thai TV3 မှ နာမည်ကြီးမင်းသမီးတွေ ပါဝင်ဖွဲ့စည်းထားတဲ့ သူငယ်ချင်းအဖွဲ့ ၃ ဖွဲ့

မိမိပေါင်းသင်းတဲ့သူငယ်ချင်းတွေဟာ အုပ်စုလိုက်ကြီးဆိုရင် ဘာမဆိုလုပ်ရတာ ပျော်ရွှင်စရာကြီးပါပဲ။ ဒီလိုပဲ Thai TV3 က နာမည်ကြီးမင်းသမီးတွေဟာလည်း သူတို့ရဲ့ အချစ်ခင်ဆုံးသူတွေနဲ့ အုပ်စုဖွဲ့ပြီး ဘာလုပ်လုပ် အတူတူရှိနေကြပြီးအင်အားတောင့်တင်းနေတာကြောင့် မြင်မိသူတိုင်း အပျော်တွေကူးစက်စေပါတော့တယ်။ မင်းသမီးချောတွေပါဝင်တဲ့ အဖွဲ့ ၃ ဖွဲ့ကတော့

Gang Furby

‘Gang Furby’ ဆိုတဲ့ အဖွဲ့မှာတော့ အားလုံးနဲ့ရင်းနှီးပြီးသား အနုပညာရှင်တွေဖြစ်ကြတဲ့ Matt Peranee, Taew Natapohn, Toey Jarnporn, Mew Nittha နဲ့ Mint Chalida တို့ပါဝင်ပါတယ်။ မိန်းကလေးတွေချည်းပဲ သီးသန့်ပါဝင်တဲ့သရုပ်ဆောင်အဖွဲ့ဆိုတော့ ၅ ယောက်သား အတူတူရှိနေတဲ့အချိန်တွေမှာ ဘယ်လောက်တောင်ပျော်စရာကောင်းနေလိုက်မလဲ?

Gang Pah

‘Gang Pah’ ဆိုတာကလည်း နောက်ထပ် လူသိများတဲ့ သူငယ်ချင်းအဖွဲ့ဖြစ်ပြီး Nychaa Nuttanicha, Yam Matira, Namtarn Pichukkana, Wawa Nicha နဲ့ Ice Amena တို့ ပါဝင်ပါတယ်။ အုပ်စုလိုက်ရှိနေတဲ့အချိန်ဆိုရင် ပြုံးပျော်နေတတ်ကြပြီး တကယ်ကို အားကျစရာအဖွဲ့ကြီးပါပဲ။

Wawa Nicha နဲ့ Ice Amena ကတော့ အခုချိန်မှာ Thai TV3 ကနေ စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်တာကြောင့် အသစ်ထပ်မံမချုပ်ဆိုတော့ဘဲ ထွက်ခွာသွားပြီဖြစ်ပြီး အလွတ်တန်းသရုပ်ဆောင်တွေအဖြစ် ခြေဆန့်နေကြပါတယ်။

Gang Lom

နောက်ထပ်အားကျစရာ သူငယ်ချင်းအုပ်စုကြီးကတော့ Gang Lom အဖွဲ့ပါပဲ။ တကယ့်ဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့ Yaya Urassaya, Kimmy Kimberley, Margie Rasri နဲ့ Mint Chalida တို့ပါဝင်တာကြောင့် ပရိသတ်တွေတော်တော်များများကလည်း ဒီအဖွဲ့ကို သိကြမှာပါ။

သူတို့ လေးယောက်ကတော့ “4 Huajai Haeng Khon Kao” မှာ အတူတူတွဲဖက်အလုပ်လုပ်ပြီးနောက်ပိုင်း ခွဲမရတဲ့သူငယ်ချင်းတွေဖြစ်လာခဲ့ကြတာပါ။ အခုချိန်မှာတော့ သူငယ်ချင်းသက်တမ်း တော်တော်ကြာမြင့်နေပြီဖြစ်တဲ့ အုပ်စုပါပဲ။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share