ပရိသတ်တွေရဲ့အားပေးမှုကြောင့် ဂီတနယ်ပယ်မှာ နောက်ထပ်မှတ်တမ်းသစ် ရေးထိုးလိုက်ပြန်တဲ့ Xiao Zhan

သဏ္ဍာန်လုပ်သရုပ်တူ သရုပ်ဆောင်တဲ့နေရာမှာ အသက်ဝင်လွန်းလှတဲ့အပြင် သီချင်းသီဆိုမှုပိုင်းမှာလည်း ချက်ကျလက်ကျရှိပြီး ချိုအေးကြည်မြတဲ့အသံနဲ့ နားဝင်ချိုအောင် သီဆိုနိုင်တဲ့သူတစ်ယောက်ကို ဖော်ပြပါဆိုရင် Xiao Zhan ကို ပြရပါလိမ့်မယ်။

Zhan Ge ဟာ သရုပ်ဆောင်ကောင်းလွန်းတာကြောင့် နာမည်ကြီးနေတဲ့အပြင် သီချင်းဆိုရာမှာလည်း သူမတူတဲ့ပါရမီရှင်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့အားပေးထောက်ခံခြင်းကိုရရှိထားတာပါ။ ဒါကြောင့်လည်း “QQ Music Annual Film and TV Series OST Popularity Awards 2020” မှာ နောက်ထပ်မှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်လိုက်ပြန်ပါတယ်။

Xiao Zhan ပါဝင်သရုပ်ဆောင်ထားတဲ့ “Joy of Life” ဇာတ်လမ်းထဲက “Remaining Years” ဆိုတဲ့ OST သီချင်းလေးကို နားဆင်ဖူးကြမှာပါ။ လွမ်းမောဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဆွေးမြေ့တမ်းတဖွယ်စာသားတွေ၊ လိုက်ဖက်ညီနေတဲ့သံစဥ်နဲ့အတူ နားထဲစီးဝင်သွားစေမဲ့ GeGe ရဲ့ အသံလေးနဲ့သီဆိုထားတာကြာင့် ဒီ OST သီချင်းလေးဟာ တကယ့်ကိုပြောင်မြောက်တဲ့သီချင်းလေးတစ်ပုဒ်ပါပဲ။

အဆိုပါသီချင်း​ကတော့ “Most Popular Drama OST” ခေါင်းစဥ်အောက်မှာ Top 1 အဖြစ်ရွေးချယ်ခံခဲ့ရပြီး Xiao Zhan ကလည်း ဂီတနယ်ပယ်မှာ မှတ်တမ်းသစ် ထပ်မံရေးထိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။ အနုပညာပိုင်းဆိုင်ရာ အောင်မြင်မှုတော်တော်များများကို သိမ်းပိုက်ထားတဲ့ Xiao Zhan ကတော့ ၂၀၂၁ အစပိုင်းကတည်းက အောင်မြင်မှုမှတ်တိုင်သစ်တွေစိုက်ထူထားသလို ဆုပေါင်းများစွာကိုလည်း လက်ခံရယူနေပါတော့တယ်။

၂၀၂၀ အတွင်း ပင်ပန်းခက်ခဲခဲ့ပေမဲ့လည်း အမာခံပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာ၊ ထောက်ခံအားပေးမှုတွေနဲ့ အမြဲတစေသည်းခံကြိုးစားခဲ့တာကြောင့် အခုလိုနှစ်သစ်ရဲ့အစမှာပဲ ကြိုးစားမှုတွေအရာထင်ခဲ့ပြီး အောင်မြင်မှုတွေကို အလုံးအရင်းနဲ့ သိမ်းပိုက်နေပြီဖြစ်ပါတယ်။

Source: QQ Music
Photos: QQ Music & Twitter
Written: Nay Chi

Share