ချစ်သူရဲ့မွေးနေ့လေးမှာ အကောင်းဆုံးချစ်ပြပေးခဲ့ပြန်တဲ့ အချစ်တတ်ဆုံးကောင်လေး Mark Prin

မိန်းကလေးတိုင်းရဲ့ပျော်ရွှင်မှုဟာ ကိုယ်ရဲ့ချစ်သူက ကိုယ့်အပေါ်မှာ အလိုက်တသိနဲ့ချစ်ပြပေးတဲ့အပေါ်မှာ မူတည်နေပါတယ်။ ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသမီး Kimmy Kimberley ကတော့ ပါးစပ်ကထုတ်ပြောစရာမလိုတဲ့ ချစ်ခြင်းမေတ္တာတွေကိုရရှိထားတာပါ။

ဘာလို့လဲဆိုတော့ အချစ်တတ်ဆုံးကောင်လေး P’ Mark ကို ပိုင်ဆိုင်ထားရလို့ပါပဲ။  January 22 ကတော့ Kimmy ရဲ့ ၂၉ နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ ဒီလိုမျိုးနေ့ထူးနေ့မြတ်မှာပဲ Mark Prin ဟာ ချစ်စရာကောင်းတဲ့ Viedo Clip လေးတစ်ခုကို သူ့ရဲ့ IG မှာ တင်ပေးခဲ့ပါတယ်။

ချစ်ရသူလေး Kimmy အတွက် နွေးထွေးကောင်းမွန်တဲ့ ဆုတောင်းစကားလေးကို Viedo လေးရိုက်ပြီး တင်ပေးခဲ့သတဲ့။ Caption လေးမှာတော့ “Happy birthday ပါ ငါ့အတွက်အလှပဆုံးသော ကောင်မလေးရေ.. မင်းအတွက် ကောင်းမွန်တဲ့နှစ်တစ်နှစ်ဖြစ်လာစေဖို့ ဆုတောင်းပေးပါတယ်။

လူအများကြီးဆီက ချစ်ခြင်းမေတ္တာတွေကို ရရှိပါစေ၊ အလုပ်အကိုင်နဲ့ပတ်သက်ပြီး အရာရာအဆင်ပြေပါစေ၊ လူကောင်းလူမွန်တွေနဲ့ပဲ ဘဝတစ်လျှောက်မှာ ဆုံတွေနိုင်ပါစေ၊ ပျော်ရွှင်မှုတွေလည်း အလုံးစုံပိုင်ဆိုင်နိုင်ပါစေ” လို့ရေးရင်း သူ့ရဲ့အချစ်တွေကိုထုတ်ပြခဲ့ပါတယ်။

Kimmy လေးကလည်း “Thank you bebe” ဆိုပြီး ချစ်စရာကောင်းအောင် Reply ပြန်ရင်း ပျော်ရွှင်တဲ့နေ့ရက်လေးကို ကုန်ဆုံးခဲ့ကြပါတော့တယ်။ နှစ်​ယောက်စလုံးနဲ့ သူငယ်ချင်းဖြစ်သူ Nadech Kugimiya “Happy birthday dude” လို့ Comment မန့်ရင်း မွေးနေ့ကို ဂုဏ်ပြုပေးခဲ့ပါသေးတယ်။

ချစ်စရာကောင်းတဲ့အပြင် သရုပ်ဆောင်ကောင်းတဲ့မင်းသမီးလေး Kimmy အတွက် ပျော်ရွှင်စရာ ၂၉ နှစ်ပြည့်မွေးနေ့ကတော့ ချစ်ရတဲ့သူတွေနဲ့အတူ ဖြတ်သန်းခဲ့ပါတယ်။ ကိုယ့်ရဲ့ချစ်သူကို အလွန်ချစ်ပြတတ်တဲ့ Mark Prin လိုကောင်လေးမျိုးကိုပိုင်ဆိုင်ထားတဲ့အပြင် တကယ့်ကိုဖေးမကူညီတတ်တဲ့ သူငယ်ချင်းကောင်းတွေကိုပါ ပိုင်ဆိုင်ထားတာမို့လို့ Kimmy လေးရဲ့ဘဝဟာ ပြီးပြည့်စုံနေပါပြီ။ နောင်နှစ်ပေါင်းများစွာထိ ချစ်ရတဲ့သူတွေနဲ့အတူ နေ့ရက်တိုင်းကိုဖြတ်သန်းရင်း အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေ။ Happy birthday ပါ Kimmy လေးရေ…

Source: ThaiUpdate
Photos: Instagram
Written: Nay Chi

Share