ကောလဟာကသတင်းကနေ လှလှပပလေးရှောင်ထွက်ခဲ့တဲ့ Zhang Yixing

2021 နှစ်ဆန်းပိုင်းကနေစလို့ Weibo မှာ Trend ဖြစ်ခဲ့တဲ့ အနုပညာရှင်တွေရဲ့သတင်းတွေက အချိန်တိုအတွင်းမှာပဲ အများအပြားထွက်ပေါ်ခဲ့ပါတယ်။ ပရိတ်သတ်တွေအနေနဲ့ ဂုဏ်ယူလို့ဖြစ်လာတဲ့သတင်း၊ စကြနောက်ကြရင်း Trend ဖြစ်တဲ့သတင်း၊ ကောလဟာလသက်သက်သတင်းတွေအပါအဝင် အကြီးအကျယ်ဝေဖန်ပြောဆိုခဲ့ကြတဲ့သတင်းတွေလည်း ပါဝင်ခဲ့ပါတယ်။

ဖျော်ဖြေရေးလောကအတွက် ဒါဟာထူးဆန်းတဲ့ကိစ္စမျိုးမဟုတ်ဘူးလို့ဆိုလို့ရပေမယ့် အနုပညာရှင်တစ်ယောက်ကိုရင်ဘတ်တစ်ခုလုံးနဲ့အမှန်တကယ်ချစ်မြတ်နိုးတဲ့ပရိတ်သတ်တွေအတွက် သက်ရောက်မှုတွေအများကြီးရှိနိုင်တဲ့ကိစ္စမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဥပမာအနေနဲ့ပြောပြရရင်တော့ Lu Han နဲ့ Guan Xiaotong တို့နှစ်ဦးရဲ့ဆက်ဆံရေးကို တရားဝင်ကြေညာခဲ့တဲ့အချိန်က ကျေနပ်ပျော်ရွှင်ခဲ့ကြသူတွေရှိသလို၊ ရူးမတတ်ကြေကွဲခဲ့ကြတဲ့သူတွေလည်းရှိခဲ့ပါတယ်။ သေချာတာကတော့ ကောလဟာလတစ်ခုဟာသက်ရောက်မှုအများကြီးရှိသွားစေတယ်ဆိုတာပဲဖြစ်ပါတယ်။

Zhang Yixing ရဲ့ကောလဟာလအပြင် Zhao Liying နဲ့ Feng Shaofeng တို့ကွာရှင်းကြတော့မှာလားဆိုတဲ့ကောလဟာလသတင်း၊ Luo Yunxi လက်ထပ်တော့မယ်ဆိုတဲ့ကောလဟာလသတင်း၊ Yi Yang Qianxi နဲ့ Zhou Dongyu တို့တွဲနေကြပြီလားဆိုတဲ့ကောလဟာလသတင်း စတဲ့အကြောင်းအရာပေါင်းများစွာလည်းပါဝင်ခဲ့ပါတယ်။

အခြားအနုပညာရှင်တွေဖြစ်တဲ့ Wang Junkai, Bai Jingting, Fan Chengcheng, Shen Yue, Ouyang Nana, Chen Feiyu, Deng Lun, Yang Yang တို့ရဲ့ကောလဟာလတစ်ချို့လည်းပါဝင်ခဲ့ပါတယ်။ အကြောင်းအရာတွေများပြားခဲ့ပေမယ့်လည်း ကောလဟာလတို့ရဲ့သဘောသဘာဝအတိုင်း အချိန်တိုအတွင်းမှာအလွယ်တကူဖြေရှင်းနိုင်ခဲ့ကြပါတယ်။

အင်တာနက်သုံးစွဲသူတစ်ချို့ရဲ့သုံးသပ်ချက်တွေအရ ဒါတွေဟာ Zheng Shuang ကိုတိုက်ခိုက်နေတဲ့အရာတွေကို အာရုံပြောင်းနိုင်ဖို့လို့ယူဆခဲ့ကြပါတယ်။ လက်ရှိဖြစ်ပေါ်ခဲ့တဲ့ကောလဟာလတွေမှာ တရုတ်နိုင်ရဲ့ထိပ်တန်းမင်းသားချော Zhang Yixing ကတော့ထိပ်တန်းမင်းသမီးတစ်ယောက်နဲ့ မေတ္တာမျှနေကြတယ်ဆိုပြီး ခဏတာသတင်းထွက်ပေါ်ခဲ့ပါတယ်။

အဆိုပါမင်းသမီးက Yang Zi ဖြစ်ပြီး Zhang Yixing နဲ့ Yang Zi တို့ တိတ်တဆိတ်အတူရှိနေကြတယ်လို့သတင်းတွေဖြန့်ခဲ့ပါတယ်။ သို့ပေမယ့် အချိန်ခဏအတွင်းမှာပဲ Yang Zi ဟာတစ်ကိုယ်ရည်သမားဖြစ်ပြီး အလုပ်ကိုပဲအာရုံစိုက်လုပ်ကိုင်နေတယ်ဆိုတဲ့ ဖြေရှင်းချက်ကိုထုတ်ပြန်ခဲ့ပါတယ်။

ထို့အတူပဲ Zhang Yixing ဟာလည်းတစ်ကိုယ်ရည်သမားတစ်ယောက်ဖြစ်ပြီး ပရိတ်သတ်တွေကိုသာအလေးထားတယ်ဆိုတဲ့ဖြေရှင်းချက်တွေထွက်ပေါ်ခဲ့ပါတယ်။ Zhang Yixing ကလည်း သူ့ရဲ့ Weibo မှာ ” sorry 我只有三只猫 ” ဆိုပြီး Post တစ်ခုတင်ခဲ့ပါတယ်။ “တောင်းပန်ပါတယ်၊ ကျွန်တော့်မှာကြောင်သုံးကောင်ပဲရှိတာပါ” ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။

Zhang Yixing ရဲ့ ချစ်စရာကောင်းတဲ့ဖြေရှင်းမှုလေးကို ပရိတ်သတ်တွေကျေနပ်သဘောကျခဲ့ကြပါတယ်။ Comment တွေမှာလည်း “ကြောင်ပဲမမွေးပါနဲ့ ကျွန်မကိုရောခေါ်ပါ၊ ကြောင်တွေလာထိန်းပေးရဦးမလား၊ ကျွန်မကကြောင်ချစ်တတ်တယ်နော် ” ဆိုတဲ့စကားလုံးတွေနဲ့ အရွှန်းဖောက်ရင်း ကောလဟာလကိုအဆုံးသတ်ခဲ့ကြပါတယ်။

နွေးထွေးတဲ့မေတ္တာနဲ့ယုံကြည်မှုကိုထင်ဟပ်စေခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုဖြစ်ခဲ့ပါတယ်။လက်ရှိမှာတော့ Zhang Yixing ဟာ GAI, Wang Feng တို့နဲ့အတူ Music Video တစ်ခုကိုပြင်ဆင်နေပြီး ဇန်နဝါရီလ (၂၅)ရက်နေ့မှာလည်း Magazine တစ်ခုထွက်ဖို့ရှိနေပါတယ်။

Written: Nair Nair
Source: Weibo
Photos: Weibo

Share