၂၀၂၁ မှာလုပ်မဲ့ အစီအစဥ်တွေကို ပြောပြလာပြီဖြစ်တဲ့ Jackson Wang

၂၀၂၁ နှစ်သစ်ကူးအစပိုင်းမှာပဲ GOT7 အဖွဲ့ဝင် Jackson Wang ကတော့ ဒီနှစ်အတွင်းမှာပဲ သူလုပ်ဖို့စိတ်ကူးထားတဲ့ အစီအစဥ်တွေကို မျှဝေပြောပြခဲ့ပါတယ်။ GOT7 အဖွဲ့ကတော့ JYP Entertainment ကနေ စာချုပ်အသစ်ချုပ်ဆိုခြင်းမပြုတော့ဘဲ ထွက်ခွာခဲ့ပြီးနောက် အဖွဲ့ဝင်တစ်ယောက်ချင်းစီကလည်း ကိုယ်နှစ်သက်ရာ အေဂျင်စီအသစ်တွေနဲ့ လက်တွဲခဲ့ပြီဖြစ်ပါတယ်။

GOT7 အဖွဲ့ကို ဖျက်သိမ်းခြင်းမပြုလုပ်ကြပဲ ကိုယ့်ရဲ့တကိုယ်တော်လှုပ်ရှားမှုအနေနဲ့ပါ ဖန်တီးမှုအသစ်တွေကို ချပြနိုင်ဖို့ အဖွဲ့ဝင် ၇ ယောက်လုံး ကြိုးစားနေကြတာဖြစ်ပါတယ်။ Jackson ကတော့ TEAM WANG နဲ့ အနုပညာလုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့အပြင် Team Wang ကလည်း GOT7 အဖွဲ့ဝင်ဖြစ်တဲ့ Younjae ရှိရာ အေဂျင်စီအသစ်ဖြစ်တဲ့ Sublime Artist Agency နဲ့ နိုင်ငံတကာလှုပ်ရှားမှုတွေအတွက် လက်တွဲလိုက်ပြီဖြစ်ပါတယ်။

ဘက်စုံတော်တဲ့ Jackson အတွက်တော့ အနာဂတ်လမ်းခရီးဟာ ပိုမိုတောက်ပလာပြီဖြစ်ပြီး သူ့ရဲ့ သီချင်းအသစ်ဖန်တီးမှုတွေ၊ ကိုယ်ပိုင် Fashion Brand တွေကို Team Wang ကနေတစ်ဆင့် ချပြခဲ့တာဖြစ်ပြီး ဒီနှစ် January 17 ရက်နေ့မှာပဲ Jackson ဟာ all-black collection အသစ်ဖြစ်တဲ့ “The Velvet” ကို ထုတ်ပေးခဲ့ပါတော့တယ်။

Jackson က Interview မှာတော့ “The Velvet ဆိုတဲ့ Collection တစ်ခုလုံးက တက်ကြွပြီး စိတ်ဓာတ်ပြင်းပြမှုတွေကို ဖော်ဆောင်နေပါတယ်။ အိစက်နေလို့ ဝတ်လို့လည်းကောင်းမှာပါ။ ၂၀၂၀ကတည်းက ပြင်ဆင်ခဲ့ရတော့ ကပ်ရောဂါအချိန်ကြောင့် အခက်အခဲတွေရှိခဲ့ပါတယ်။ စိတ်ရှည်သည်းခံရင်း အရာရာကိုအာရုံစိုက်ပြီး လုပ်ခဲ့ပါတယ်။

အသွားအလာကန့်သတ်ချက်တွေရှိတော့ လုပ်နေကျပုံစံအတိုင်းလုပ်ဖို့တော့ အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့်မို့လို Collection နဲ့ပတ်သက်ပြီး အဓိကအရေးကြီးတာတွေကို အရေးပေးပြီး ထုတ်လုပ်ခဲ့ပါတယ်။ အနာဂတ်မှာလည်း နောက်ထပ်အစီအစ်အသစ်တွေရှိပါသေးတယ်။ Cookies 2 — The Velvet လည်း ထုတ်ပေးဖို့ စီစဥ်ထားပါသေးတယ်။

ကျွန်တော့်ရဲ့သီချင်းအသစ်ကလည်း သိပ်မကြာခင်မှာပဲထုတ်ပေးမှာပါ။ ကျွန်တော်က ပရိသတ်တွေကိုတော်တော်ချပြချင်နေပါပြီ။ အနာဂတ်မှာလည်း အရာရာကိုလေ့လာပြီး ဖန်တီးမှုအသစ်တွေထုတ်လုပ်နိုင်အောင် ကြိုးစားသွားပါမယ်” ဆိုပြီး ချက်ကျလက်ကျအဖြေပေးခဲ့ပါတယ်။

Jackson ကတော့ သူ့ရဲ့လှုပ်ရှားမှုတွေကို အစွမ်းကုန်လုပ်ဆောင်နေပြီး သိပ်မကြာသေးခင်ကမှ သီချင်းသစ်နဲ့ပတ်သက်တဲ့ Hint တွေပေးထားတာကြောင့် ဟောင်ကောင်သားလေးရဲ့ အလန်းစားသီချင်းသစ်ကို နားဆင်ဖို့သာ အားခဲထားကြပါတော့နော်။

Source: koreaboo
Photos: Twitter
Written: Nay Chi

Share