BTS V ရဲ့ အချစ်ရေး ရာဇဝင်က ဘယ်လိုများဖြစ်မလဲ….

V တစ်ယောက်ကတော့ အမြဲ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ချစ်စရာ ကောင်လေးတစ်ယောက်ဆိုတာ ARMY လေးတွေသိကြမှာပါ။ V ဟာ သူ့ရဲ့ အချစ်ရေး ရာဇဝင် အကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ဖူးပါတယ်။

BTS အဖွဲ့ဟာ Super Junior Shindong ရဲ့ “ShimShimTaPa” အစီအစဉ်မှာ ပါဝင်ခဲ့ဖူးပါတယ်။ ဒီအစီအစဉ်မှာ V ကတော့ သူဟာ ရည်းစားထားဖူးတယ်ဆိုတဲ့အကြောင်းကို ပွင့်လင်းစွာပဲ ပြောပြခဲ့ပါတယ််။ ရည်းစားထားဖူးတဲ့အကြောင်း ပြောပြခဲ့တာတင်မဟုတ်ပဲ V တစ်ယောက်ကတော့ အသေးစိတ်ပါ ထပ်ပြောပြခဲ့ပါသေးတယ်။

V ပြောခဲ့တာက သူဟာ ပထမတန်းအရွယ်မှာ SayClub လို့ခေါ်တဲ့ Online messenger တစ်မျိုးမှတစ်ဆင့် ကောင်မလေးတွေနဲ့ Chat ခဲ့ဖူးတာပါတဲ့။ V ရဲ့ ဒီစကားကိုကြားတော့ Shindong ကော BTS အဖွဲ့ဝင်တွေကောပါ ပွဲကျခဲ့ရပါတော့တယ်။

V က “ကျွန်တော် ကျွန်တော့်ရဲ့ အတန်းဖော်တွေ အများကြီးနဲ့ အွန်လိုင်းကနေ စကားပြောပြီး ဒိတ်ခဲ့ဖူးတယ်” လို့ပြောခဲ့တဲ့အခါမှာ ထပ်ပြီးတော့တောင် BTS အဖွဲ့ဝင်တွေကို ပွဲကျစေခဲ့ပါတယ်။ V ဟာ ဒီလို Dating မျိုးကို အလယ်တန်းကျောင်းသားဘဝထိ လုပ်ခဲ့တာပါတဲ့။

V ဟာ SayClub မှတစ်ဆင့် ကောင်မလေးတွေဆီကနေ ဖွင့်ပြောခဲ့ရတာတွေ အများကြီး ကြုံခဲ့ရပါတယ်တဲ့။ ဒါပေမယ့် အပြင်မှာတော့ တစ်ခါမှ ရည်းစားစကား အပြောမခံခဲ့ရပါဘူးတဲ့နော်။ ကြည့်ရတာ V ဟာ ငယ်စဉ်ကတည်းက စော်ကြည်ဘဲလေး နေမှာပဲနော်။

Source: Koreaboo
Photo: Naver
Written: Gyi Gyi

Share