ကမ္ဘာကျော် Saint Laurent brand တောင် အံ့အားသင့်ခဲ့ရတဲ့ BLACKPINK Rosé ရဲ့ ပါဝါ

BLACKPINK အဖွဲ့ဝင် Rosé ဟာ သူမရဲ့ ဩဇာတိက္ကမနဲ့ လူအများရဲ့ စိတ်အာရုံပေါ် လွှမ်းမိုးနိုင်စွမ်းကို ထပ်မံပြသလိုက်ပြန်ပါပြီ။ ဒီတစ်ခါမှာတော့ ကမ္ဘာကျော် ဖက်ရှင် brand Saint Laurent အတွက် ဖြစ်ပါတယ်။ Rosé ဟာ ၂၀၂၀ ခုနှစ် နွေရာသီတည်းက Saint Laurent ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုယ်စားလှယ် ဖြစ်လာခဲ့တာဖြစ်ပြီး သူမရဲ့ လွှမ်းမိုးနိုင်စွမ်းကလည်း တဖြည်းဖြည်း ကြီးမားလာခဲ့ပါတယ်။

Saint Laurent ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သူတို့ရဲ့ social media account တွေကနေ တစ်ဆင့် လာမယ့် ၂၀၂၁ နွေရာသီအတွက် မိန်းမဝတ် ဖက်ရှင်ရှိုး video ကို တင်ခဲ့ပါတယ်။ Video ထဲမှာတော့ မော်ဒယ်တွေဟာ Saint Laurent က အဝတ်အစားတွေကို ဝတ်ဆင်ပြီး သဲကန္တာရအလယ်က သဲသောင်ကုန်းတွေပေါ်မှာ အလှပြ လမ်းလျှောက်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ထို video ဟာ အခုဆိုရင် ကြည့်ရှုသူပေါင်း ၅ သန်းနီးပါးရှိပြီဖြစ်ပါတယ်။ ထို့အပြင် Rosé ကို ကမ္ဘာလုံးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်မှာဖြစ်ကြောင်း ကြေငြာပြီးတာနဲ့ တစ်ပြိုင်နက် အခြားသော Saint Laurent နဲ့ သက်ဆိုင်တဲ့ video တွေကိုလည်း ကြည့်ရှုသူတွေ တစ်ဟုန်ထိုး မြင့်တက်ခဲ့ပါတယ်။

Rosé ဟာ Saint Laurent brand ရဲ့ သက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံး ကိုရီးယားမော်ဒယ်ဖြစ်ပြီး brand ရဲ့ ပေါ်ပြူလာဖြစ်မှုကလည်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ထိုဖက်ရှင်ရှိုး video ထွက်လာတာနဲ့ Rosé ဟာ follower ပေါင်း ၃၅.၈ သန်းရှိတဲ့ သူမရဲ့ Instagram account မှာ မျှဝေခဲ့ပါတယ်။ ဒါဟာ ကြည့်ရှုသူတွေ တိုးဖို့ တစ်တက်တစ်အား ဖြစ်စေခဲ့တာလည်း ဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာတော့ Saint Laurent က တာဝန်ရှိသူတစ်ဦးက Rosé ရဲ့ လွှမ်းမိုးနိုင်စွမ်းကို တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။ ထိုသူက “ဖက်ရှင်ရှိုး video ကိုက ကြည့်ချင်စရာကောင်းပေမဲ့ Rosé ရဲ့ လွှမ်းမိုးနိုင်စွမ်းက ကြည့်ရှုသူတိုးဖို့အတွက် ကြီးမားတဲ့ အကြောင်းအရင်း ဖြစ်ခဲ့ပါတယ်။

အနာဂတ်မှာ Rosé နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ့် ကိစ္စတွေအတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေမိပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ BLACKPINK နဲ့ Rosé ဟာ ပါဝါအတော်ကြီးမားတယ်ဆိုတာ အားလုံးလည်း သိပြီးသားဖြစ်လိမ့်မယ်ဆိုပေမဲ့ ခုတော့ ကမ္ဘာကျော် ဖက်ရှင် brand Saint Laurent ကပါ အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။

Source : Koreaboo
Photo : Pinterest
Written : ZL

Share