လူချမ်းသာမောင်နှမနှစ်ယောက်ရဲ့ Propose လုပ်တာကို ခံလိုက်ရတဲ့ Dilraba နဲ့ Xiao Zhan

အားပေးသူတွေအနေနဲ့ ကိုယ်ချစ်တဲ့အနုပညာရှင်ကို အသေအကြေအားပေးကြတာကသဘာဝပါပဲ။ အားပေးတာအတိုင်းအတာတစ်ခုကိုကျော်လွန်သွားရင်တော့ ပိုင်ဆိုင်ချင်စိတ်တွေဖြစ်ပေါ်လာကြပါတော့တယ်။ သိပ်မကြာသေးခင်ကပဲ လူကုံထံအသိုင်းအဝိုင်းက မောင်နှမနှစ်ယောက်ဟာ Dilraba Dilmurat နဲ့ Xiao Zhan ကို လူသိရှင်ကြားလက်ထပ်ခွင့်တောင်းခဲ့ကြပါတယ်။

တရုတ်မင်းသမီးလေး Dilraba ကတော့ တခြားသူတွေနဲ့ကွဲပြားတဲ့ အလှပိုင်ရှင်လေးဖြစ်ပြီး သွယ်လျပြေပြစ်တဲ့မိန်းမလှလေးဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကပဲ Dilraba ကို အရူးအမူးဖြစ်နေတဲ့ လူငယ်လေးတစ်​ယောက်ဟာ လူတွေအများကြီးရှေ့မှာ လက်ထပ်ခွင့်တောင်းခဲ့တာပါ။

ထိုလူငယ်ရဲ့ မသင့်တော်တဲ့လုပ်ရပ် Viedo ကတော့ အင်တာနက်မှာ ပျံ့နှံ့သွားတဲ့အပြင် ထိုလူငယ်ရဲ့ ညီမဖြစ်သူကလည်း အစ်ကိုဖြစ်သူရဲ့နည်းလမ်းအတိုင်းပဲ Xiao Zhan ကို လက်ထပ်ခွင့်တောင်းခဲ့ပါတော့တယ်။ ထိုအဖြစ်အပျက်ကိုသိသွားတဲ့သူတွေကတော့ မောင်နှမနှစ်ယောက်နဲ့ပတ်သက်ပြီး ပြောမဆုံးနိုင်အောင်ဖြစ်ခဲ့ကြရတာပါ။

Viedo ထဲမှာ Dilraba ရဲ့ အရူးအမူး fan ဟာ နှင်းဆီပန်းစည်းကိုကိုင်ရင်း Maserati ကားကြီးရဲ့ရှေ့မှာပဲ သူ့ရဲ့အချစ်တွေကိုပြောပြနေခဲ့ပါတယ်။ သူ့သူငယ်ချင်းနှစ်​ယောက်ကိုင်ထားတဲ့ အနီရောင်ပိတ်ကားထက်မှာလည်း “Dilraba ရေ..ငါမင်းကိုသိပ်ချစ်တယ်..ငါ့ကိုလက်ထပ်ပါ” လို့ ရေးသားထားပြီး ပါးစပ်ကလည်း “Dilraba ရေ. ငါမင်းကိုချစ်တယ်.ငါမင်းကို Lamborghini နဲ့ Ferrari တစ်စီးစီ လက်ဆောင်ပေးမယ်လေ” ဆိုပြီး အော်နေခဲ့ပါတော့တယယ်။

ဘေးကကြည့်နေခဲ့တဲ့သူတွေကတော့ ထိုလူငယ်ဟာ လူချမ်းသာမျိုးဆက်ဖြစ်ရမယ်လို့ ကောက်ချက်လိုက်ပြီး မသင့်တော်တဲ့လုပ်ရက်ဆိုပြီးပါ ပြောဆိုခဲ့ပါတော့တယ်။ တရုတ်နိုင်ငံသားတွေကတော့ ထိုပရိသတ်နဲ့ပတ်သက်ပြီး စုံစမ်းလိုက်တဲ့အခါမှာတော့ သူဟာ Dilireba ကို ကြိုက်နေတာ နှစ်နှစ်လောက်ရှိနေပြီဖြစ်ပြီး အမြဲတစေ တကောက်ကောက်လိုက်ကာ လက်ထပ်ခွင့်တောင်းဖို့ကြံစည်နေခဲ့တဲ့အကြောင်းကို သိရှိခဲ့ကြပါတယ်။

ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေက သူ့ရဲ့ညီမဖြစ်သူကလည်း သူမရဲ့အစ်ကိုလိုပဲ Xiao Zhan ကို လူကြားထဲမှာ လက်ထပ်ခွင့်တောင်းခဲ့ပါသတဲ့။ Zhan Ge ကို စွဲလန်းလွန်းနေတဲ့သူဖြစ်ပြီး မင်္ဂလာဝတ်စုံဝတ်လာတဲ့အပြင် ပန်းစည်းကိုပါ ကိုင်ဆောင်လာခဲ့တာပါ။

သူမကတော့ GeGe နဲ့ ဇာတ်လမ်းတွဲအတူတူရိုက်ကူးချင်တဲ့အပြင် “The Untamed 2” ရိုက်ဖို့အတွက်တောင် တရုတ်ယွမ် 500 Million မြှုပ်နှံဖို့ သူမရဲ့မိဘတွေကိုတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ မောင်နှမနှစ်ယောက်ရဲ့စွဲလန်းမှုးကြီးချက်ကတော့ ကြားရသူတိုင်းကို အံ့သြသွားစေပါတော့တယ်။

ဒီဖြစ်ရပ်ပြီးတဲ့နောက်မှာတော့ ပရိသတ်တွေဟာ သူတို့နှစ်​ယောက်နဲ့ပတ်သက်ပြီး တွေးတောဝေဖန်ခဲ့ကြပါတယ်။ တော်တော်များများကတော့ ထိုမောင်နှမနှစ်​ယောက်ဟာ Dilraba နဲ့ Xiao Zhan တို့ရဲ့ကျော်ကြားမှုကိုအသုံးချပြီး လူအများက သူတို့နှစ်ယောက်ကို အာရုံစိုက်လာအောင် ဖန်တီးခဲ့ကြတယ်ဆိုပြီး ကောက်ချက်ချခဲ့ကြပါတော့တယ်။

Source: jynestars
Photos: jynestars
Written: Nay Chi

Share