အတူရိုက်ကူးတဲ့မင်းသားတွေနဲ့ အလွန်တွဲဖက်ညီတယ်ဆိုပြီး သတင်းမွှေးတဲ့မင်းသမီးများ (အပိုင်း ၁)

ဇာတ်လမ်းတစ်ခုရဲ့ ပရိသတ်ကြားရေပန်းစားမှုဆိုတာဟာ ပါဝင်ရိုက်ကူးတဲ့သရုပ်ဆောင်တွေရဲ့ စွမ်းဆောင်ရည်အပေါ်မှာ အလွန်မူတည်ပြီး အထူးသဖြင့်တော့ အဓိကမင်းသား၊မင်းသမီး ၂ ယောက်ရဲ့ တွဲဖက်ညီညီနဲ့ ဆွဲဆောင်မှုရှိရှိ သရုပ်ဆောင်နိုင်မှုက လွန်စွာမှ အရေးပါလှပါတယ်။ ဖော်ပြပေးမဲ့မင်းသမီးလေးတွေကတော့ ပါဝင်ရိုက်ကူးသမျှဇာတ်လမ်းတိုင်းမှာ တွဲဖက်သရုပ်ဆောင်တဲ့မင်းသားတွေနဲ့ လိုက်ဖက်ညီလွန်းတယ်ဆိုပြီး သတင်းမွှေးသူလေးတွေပါပဲ။

Bua Nalinthip

မင်းသမီးလေး Bua Nalinthip ကတော့ မင်းသား Pop Thagoon နဲ့အတူ “Khun Mae Suam Roy” ဇာတ်လမ်းမှာအတူသရုပ်ဆောင်ဖူးပြီး နှစ်ယောက်စလုံးရဲ့အပေးအယူရှိရှိသရုပ်ဆောင်ချက်တွေကြောင့်ပဲ ဇာတ်လမ်းက ပရိသတ်ကြားမှာ နာမည်ကြီးသွားပါတယ်။ ဒါတင်မကသေးပါဘူး။

Bua ဟာ Pon Nawasch နဲ့ “Tra Barb See Chompoo” ဆိုတဲ့ဇာတ်လမ်းမှာ အတူသရုပ်ဆောင်ပြီးနောက်ပိုင်း ပရိသတ်တွေကိုယ်တိုင်ကကို လက်တွေ့မှာပါ ချစ်သူတွေဖြစ်စေချင်နေကြတာပါ။ လိုက်ဖက်ညီလွန်းခဲ့တဲ့ PonBua အတွဲဲလေးကတော့ “Praomook” ဇာတ်လမ်းသစ်ကို အတူတူထပ်မံရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

Mookda Narinrak

ဒီနှစ်အတောအတွင်းမှာ တော်တော်နာမည်ကြီးလာသူလေးကတော့ Mookda Narinrak ပဲဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသူလေးဖြစ်တဲ့အလျောက် အတူတွဲဖက်သရုပ်ဆောင်ဖူးတဲ့ Kem Hussawee, Mike Pattaradet, Mik Thongraya တို့နဲ့ ဇာတ်လမ်းတွေထဲမှာ တွဲဖက်ညီခဲ့ကြပါသေးတယ်။

လက်ရှိမှာတော့ Mookda ဟာ “Ku Kaen San Ruk” ဆိုတဲ့ဇာတ်လမ်းသစ်ကို Mike နဲ့အတူရိုက်ကူးနေတဲ့အပြင် “Khoei Baan Rai Sapai Hai So” ဇာတ်လမ်းသစ်ကိုလည်း Kem နဲ့လက်တွဲပြီး ရိုက်ကူးနေတာပါ။ ပရိသတ်တွေကတော့ Mookda လေးကို Kem နဲ့ Ship ပေးနေကြတာမို့လို့ ဇာတ်လမ်းသစ်ရိုက်ကူးပြီးရင် တစ်ခုခုထူးခြားလာဖို့ စောင့်မျှော်နေကြပါတယ်။

Vill Wannarot

ဇာတ်လမ်းပေါင်းများစွာရိုက်ကူးဖူးတဲ့ Vill Wannarot နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့မင်းသားများစွာရှိပါတယ်။ ဒီထဲမှာမှ Vill နဲ့ လိုက်ဖက်ညီခဲ့တဲ့မင်းသားတွေကတော့ Son Yuke, Dj Push, Toomtam Yutthana နဲ့ Bie Sukrit တို့ဖြစ်ကြပြီး ဒီမင်းသားတွေနဲ့အတူ နောက်ထပ်ဇာတ်လမ်းသစ်တွေမှာ ထပ်မံပြီး အတူတူမြင်တွေ့ချင်နေကြတယ်လို့ ဆိုပါတယ်။

Source: ThaiUpdate
Photos: Twitter
Written: Nay Chi

Share