ARMY တို့ရေ။ Worldwide star BTS တို့ရဲ့ Content အသစ် ရှိနေတယ်တဲ့နော်။ BTS တွေကတော့ ARMY တွေအတွက် အမြဲ အသစ်အသစ်တွေ ဖန်တီးနေတယ်ဆိုတဲ့အတိုင်း ယခုလည်း BTS တို့ရဲ့ Special surprise တစ်ခုရှိနေတယ်ဆိုတဲ့ သတင်းဟာ အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ Deezer ဆိုတဲ့ Platform ကနေ BTS အကြောင်းကို အရိပ်အမြွက်ပေးခဲ့တာပါ။ Deezer ဆိုတာကတော့ Spotify တို့လို Music streaming service တစ်ခုဖြစ်ပြီးတော့ ပြင်သစ်နိုင်ငံ အခြေစိုက်ပါ။ Deezer ဟာ ပီးခဲ့တဲ့ နှစ်ကလည်း BTS ရဲ့ Content အသစ်တစ်ခုအကြောင်း မတော်တဆ ချပြမိခဲ့ဖူးပါသေးတယ်။
ပီးခဲ့ February မှာ Deezer ဟာ BTS ရဲ့ MAP OF SOUL :7 အတွက်လို့ ယူဆရတဲ့ ပရိုမိုးရှင်း Video တစ်ခုကို အယ်လ်ဘမ်မထွက်ခင် မတော်တဆ Video မှားယွင်းတင်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် Deezer ဟာ video ကို လျင်မြန်စွာ ဖျက်ပီး မှားယွင်းမှုအတွက် တောင်းပန်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် Deezer ဆိုတဲ့ နာမည်ကို ARMY တချို့ ကြားဖူးနေကြလိမ့်မယ်လို့ ထင်ပါတယ်။
ဒီတစ်ခါတော့ Deezer က ပိုင်နိုင်စွာ ကြေညာလိုက်ပါပီ။ ဇန်နဝါရီလ ၂၆ ရက်နေ့မှာပဲ Deezer ဟာ တွစ်တာ စာမျက်နှာမှတဆင့် “ကမ္ဘာ့အကြီးမားဆုံး Boyband ရဲ့ အထူးစပါယ်ရှယ် အသစ်တစ်ခု ဒီအပတ်အတွင်းမှာပဲ မြင်တွေ့နိုင်ပါတော့မယ်” လို့ ကြေညာခဲ့ပါတယ်။ ဒါ့ကြောင့် အင်တာနက်တစ်ခွင် စိတ်လှုပ်ရှားနေကြပါပီ။ AMRY တွေကတော့ ခန့်မှန်းချက်တွေ အမျိုးမျိုး ပေးနေကြပါတယ်။
Asia Cele Bar ရဲ့ ပရိသတ် ARMY လေးတွေကကော, ဘယ်ဟာဖြစ်မယ်လို့ ထင်လဲ? ပြောပေးသွားကြပါအုံး။ ဘာလာလာ ဝမ်းသာနေကြမယ်ဆိုတာတော့ ယုံကြည်ပါတယ်။
Source: Koreaboo
Photo: Twitter
Written: Gyi Gyi