SUGA အတွက် သီချင်းတစ်ပုဒ်ရေးစပ်သီကုံးဖို့ အချိန်ဘယ်လောက်တောင် လိုအပ်သလဲဆိုတော့…

ဂီတလောကမှာ ထဲထဲဝင်ဝင်နေရာယူထားတဲ့ BTS အဖွဲ့ကတော့ အဖွဲ့ဝင် ၇ ယောက်လုံးရဲ့ သူမတူတဲ့ကိုယ်ပိုင်အစွမ်းအဆတွေကြောင့်ပဲ တစ်နေ့တခြားအောင်မြင်မှုတွေပိုင်ဆိုင်လာကြပါတယ်။ သီချင်းဖန်တီးမှုပိုင်းမှာလည်း ဆွဲဆောင်မှုရှိရှိ လက်စွမ်းပြနိုင်ကြတဲ့ BTS အဖွဲ့သားတွေထဲမှာတော့ SUGA ဟာ သီချင်းရေးစပ်သီကုံးတဲ့နေရာမှာ နာမည်ရသူတစ်ယောက်ဖြစ်ပါတော့တယ်။

အင်တာဗျူးတစ်ခုမှာဆိုရင် SUGA ကို “သီချင်းတစ်ပုဒ်ရေးပြီးဖို့ အချိန်ဘယ်လောက်ကြာလဲ?” ဆိုပြီး မေးမြန်းခဲ့ကြပါတယ်။ ဒီမေးခွန်းကိုတော့ SUGA က “ကျွန်တော်က သီချင်းတစ်ပုဒ်ရေးပြီးဖို့ အချိန်ဘယ်လောက်တောင်လိုတယ်ဆိုပြီး သတ်မှတ်ထားတာမျိုးမရှိပါဘူး။

သီချင်းရေးဖို့ စိတ်ကူးစိတ်သန်းကောင်းကောင်းလေး အတွေးထဲမှာပေါ်လာရင် ချက်ချင်းပဲ ထရေးလိုက်ပါတယ်။ သီချင်းတစ်ပုဒ်ရေးပြီးဖို့အချိန်ကို ခန့်မှန်းခြေပြောရရင်..တစ်ရက်..ဒါမှမဟုတ် နှစ်ရက်လောက်ပေါ့..အဲ့လောက်တော့အချိန်ယူရပါတယ်” ဆိုပြီး အရိုးသားဆုံးဖြေပေးခဲ့ပါတယ်။

အဆိုပိုင်းမှာလည်း ကျွမ်းကျင်နေပြီး သီချင်းဖန်တီးရေးစပ်တဲ့နေရာမှာလည်း ထူးချွန်နေတဲ့ SUGA ကတော့ BTS အဖွဲ့အတွက် အရေးပါတဲ့အဖွဲ့ဝင်တစ်ယောက်ပဲဖြစ်ပါတော့တယ်။ ရှေ့ဆက်မဲ့အနာဂတ်မှာလည်း နှစ်ပေါင်းများစွာတိုင်အောင် ကောင်းမွန်တဲ့သီချင်းတွေကို နားဆင်သူတွေအတွက်ဖန်တီးပေးနိုင်ဖို့ ဆုတောင်းလိုက်ပါတယ်။

Source: Koreaboo
Photos: Twitter
Written: Nay Chi

Share