မြန်မာပရိသတ်တွေရဲ့ ကြိုးစားအားထုတ်မှုကိုအသိအမှတ်ပြု ကျေးဇူးတင်ခဲ့တဲ့ KPop Idol

မြန်မာ ELF တွေရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲနော်။ ခုဆိုရင်တော့ မြန်မာ ပရိသတ်တွေရဲ့ ကြိုးစားအားထုတ်မှုကို Super Junior အဖွဲ့ဝင် Yesung ကတော့ သိရှိသွားပြီး အသိအမှတ်ပြု ကျေးဇူးတင်ခဲ့ပါပီ။ Time City ရဲ့ Building LED ကတော့ ပရိသတ်တွေကြား ဟိုးလေးတကျော်ကျော်ဖြစ်နေတာကို သိပြီးဖြစ်မှာပါ။

Time City ရဲ့ Building LED မှာ မိမိတို့ရဲ့ ချစ်ရတဲ့ Idol တွေကို ပြသနိုင်ဖို့ ပရိသတ်များဟာလည်း အားသွန်ခွန်စိုက် ကြိုးစားကြပါတယ်။ မြန်မာနိုင်ငံမှ Super Junior တို့ရဲ့ ပရိသတ်တွေဖြစ်တဲ့ ELF တို့ဟာလည်း Super Junior ရဲ့ ပုံရိပ်ကို Time City ရဲ့ Building LED ထက် ပုံရိပ်ထင်နိုင်အောင် ကြိုးစားခဲ့ကြပါတယ်။

ELF တို့ရဲ့ ကြိုးစားမှုကြောင့် Super Junior ရဲ့ ရုပ်ပုံတွေဟာ Time City ရဲ့ Building LED ထက်မှာ ပုံရိပ်ထင်နိုင်ခဲ့ပါတယ်။ တကယ်ကို ဝံ့ဝံ့ထည်ထည်ပါပဲ။ အတိုင်းထက်အလွန် ဝမ်းသာစရာကတော့ Super Junior ရဲ့ Yesung ဟာ ဒီအဖြစ်အပျက်ကို သိသွားခဲ့တာပါ။

Yesung ဟာ သူ့ရဲ့ Official Twitter, Instagram, Facebook စတဲ့ လူမှုကွန်ယက် အားလုံးမှ တဆင့် မြန်မာပရိသတ်တွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့ပါတယ်။ ” MYANMR ELF ကျေးဇူးတင်ပါသည်” ဆိုတဲ့ မြန်မာ ဘာသာ နဲ့ကို ကျေးဇူးတင်စကားပြောခဲ့တာပါ။ ကိုယ်ချစ်ရတဲ့ Idol ရဲ့ဒီလို အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့ မြန်မာ ELF တို့အတွက် တကယ်ကို ဝမ်းသာ ဂုဏ်ယူမိပါတယ်။

Yesung ရဲ့ မြန်မာဘာသာနဲ့ ရေးခဲ့တဲ့ SNS Updates တွေကြောင့် ခုဆိုရင် နိုင်ငံတကာမှ ELF တို့ကလည်း မြန်မာ ELF တို့အတွက် ဂုဏ်ယူဝမ်းသာကြောင်း ပြောနေကြပါတယ်။ Yesung တို့ရဲ့ မြန်မာဘာသာနဲ့ပါရေးပီး အသိအမှတ်ပြုပေးပုံလေးကတော့ တကယ့်ကို မှတ်တမ်းတင်လောက်ပါတယ်။

MYANMR ELFs. Proud of you~

Source: Yesung SNS
Photo: Yesung SNS
Written: Gyi Gyi

Share