နာမည်ကြီးမင်းသမီးများနှင့် သူတို့နဲ့အလိုက်ဖက်ဆုံးတွဲဖက်မင်းသားများ (အပိုင်း ၂)

ဇာတ်လမ်းတွဲတွေတိုင်းမှာတော့ အလိုက်ဖက်ဆုံးသရုပ်ဆောင်သွားတဲ့ မင်းသားမင်းသမီးအတွဲတွေရှိကြပါတယ်။ ဖော်ပြပေးမဲ့မင်းသမီးတွေနဲ့ အလိုက်ဖက်ဆုံးမင်းသားတွေကတော့..

Baifern Pimchanok

Baifern Pimchanok ကတော့ ထိုင်းအနုပညာလောကထဲမှာ နေရာယူနေခဲ့တာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ဇာတ်လမ်းတွဲတွေအပြင် ဇာတ်ကားတွေပါရိုက်ကူးထားသူဖြစ်တာကြောင့် မင်းသားပေါင်းများစွာနဲ့ အလုပ်အတူတွဲလုပ်ဖူးသူလေးပါ။ သူမနဲ့အလိုက်ဖက်ဆုံးမင်းသားတွေအဖြစ် Mario Maurer, Tao Sattaphong, March Chutavuth, Dj Push နဲ့ Nine Naphat တို့ကို ပရိသတ်တွေက ရွေးချယ်ပေးထားပါတယ်။

Bella Ranee

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချော Bella Ranee ကတော့ ဇာတ်လမ်းတွဲပေါင်းများစွာရဲ့ အရှင်သခင်မပဲဖြစ်ပါတယ်။ သူမရိုက်ကူးလိုက်သမျှဇာတ်လမ်းတိုင်းက နာမည်ကြီးစမြဲဖြစ်တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကိုအများအပြားရရှိထားတာပါ။ သူမနဲ့ chemistry မိမိ သရုပ်ဆောင်နိုင်တဲ့မင်းသားတွေကတော့ James Jirayu နဲ့ Pope Thanawat ဖြစ်ကြောင်းကို အားလုံးကလက်ခံထားကြပါတယ်။

Now Tisanart

၁၀နှစ်ကျော်အနုပညာသက်တမ်းရှိနေတဲ့ Now Tisanart ကလည်းပဲ မင်းသားပေါင်းများစွာနဲ့အတူ တွဲဖက်သရုပ်ဆောင်ဖူးတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေလက်ခံထားကြတဲ့ လိုက်ဖက်တဲ့မင်းသားတွေကတော့ Mike Pattaradet, Porshe Saran နဲ့ သူမရဲ့ချစ်သူ New Wongsakorn တို့ပဲ ဖြစ်ပါတော့တယ်။ လက်ရှိပြသနေတဲ့ “Wong Wien Huajai” ဇာတ်လမ်းမှာတော့ Porshe Saran နဲ့အတူ သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့အားပေးမှုကိုပါ ရရှိထားပါတယ်။

Source: ThaiUpdate
Photos: Twitter
Written: Nay Chi

Share