BTS အဖွဲ့ဝင်တွေ စနောက်ခဲ့ကြတဲ့ V ရဲ့ အရှက်ရခဲ့ရတဲ့ အတိတ်ဆိုတာ…

ဖြစ်ပီးတဲ့ ကိစ္စတွေကို အတိတ်မှာပဲ ထားခဲ့ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့် ဒီစကားဟာ V တစ်ယောက်အတွက်တော့ မှန်ခဲ့ဟန် မတူပါဘူး။ Run BTS! အပိုင်း 126 မှာတော့ BTS ရဲ့ V နဲ့ J-Hope တို့ဟာ ပြီးခဲ့တဲ့ အပိုင်းမှာ ကစားခဲ့တဲ့ Games တွေရဲ့ အရှုံးရလဒ်ကြောင့် အပြစ်ပေးခံရတဲ့အနေနဲ့ ဘော်ကြယ်တွေပါတဲ့ T-Shirts တွေကို ဝတ်ခဲ့ကြရပါတယ်။

အဲ့ဒီ့ဘော်ကြယ်တွေကတော့ တစ်ဖက်ကို လှန်တဲ့အခါ ရုပ်ပုံတွေ ပေါ်အောင် လုပ်ထားတာပါ။ V ရဲ့ T-Shirt က ဘော်ကြယ်တွေကို လှန်တဲ့ အခါမှာတော့ V ဟာ သူ့အတွက် အရှက်ရစေခဲ့လို့ မေ့ပစ်ချင်တယ်လို့ ပြောခဲ့ဖူးတဲ့ သူ့ပုံရိပ်လေး ပေါ်ထွက်လာတာပါ။

ပုံလေးကတော့ 2017 မှာ V တစ်ယောက် မျက်မှန်တု Filter နဲ့ သုံးပီး ရိုက်ထားတဲ့ Selca ပုံလေးဖြစ်ပါတယ်။ ဒီပုံကို တကယ်တော့ ပရိသတ်တွေနဲ့ လူအများကို ချပြဖို့အတွက် စိတ်ကူးမရှိခဲ့ပါဘူး။ ဘယ်လို ဒီပုံကို တင်မိခဲ့သလဲ ဆိုတာကတော့ V ဟာ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ရှုုခင်းပုံတွေကို ထုတ်ပြဖို့အတွက် BTS ရဲ့ တွစ်တာမှ တစ်ဆင့် တင်ဖို့အတွက် Post တင်ခဲ့ပါတယ်။

ဒီ Post မှာပဲ ရှုပ်ပြာပြာ V ကတော့ မှားယွင်းပီး သူ့ ပုံကိုပါ ထည့်ပြီး Post တင်မိခဲ့တာပါ။ ဒီနောက်တော့ အမှားကို သိသိချင်းပဲ Post နဲ့ ပုံကို ချက်ချင်းဖျက်ခဲ့ပါတယ်။ ဒါပေမယ့် လက်မြန်လွန်းလှတဲ့ ARMY လေးတွေကတော့ V ရဲ့ ချစ်စရာ ပုံလေးကို Save ပီးနေကြပါပီ။

V အတွက်တော့ ဒီပုံလေးဟာ ရှက်စရာလို့ ထင်ခဲ့ပုံပါပဲ။ ရှက်သွားခဲ့တဲ့ V ဟာ ပရိသတ်တွေကို ဒီပုံလေးကို မေ့ပေးကြဖို့နဲ့၊ ပုံထဲက ကောင်လေးဟာ သူမဟုတ်ပါဘူး လို့ နောက် Post တစ်ခုတင်ပီး ARMY တွေကို ချစ်စဖွယ်တောင်းဆိုခဲ့ပါသေးတယ်။

နောက်ထပ် ဓာတ်ပုံတွေ တင်ပီးတော့လည်း ခုနက မျက်မှန်နဲ့ပုံဟာ သူမဟုတ်ပါဘူး ဆိုတဲ့အကြောင်း၊ ဒီ ခပ်ချောချော ကောင်လေးကသာ V ဖြစ်ပါတယ်ဆိုတဲ့အကြောင်း Post အသစ်တင်ခဲ့ပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ အပြုအမူတွေကြောင့်ပဲ ARMY တို့ရဲ့ အချစ်တော် Taehyunnie ဖြစ်နေတာပါပဲ။ ဒါကတော့ BTS အဖွဲ့ဝင်တွေ စနောက်ခဲ့တဲ့ V အရှက်ရခဲ့တယ်ဆိုတဲ့ သူ့ရဲ့ အတိတ်ပါ။

V ကတော့ သူဟာ ထို အဖြစ်အပျက်ကြောင့် ဓာတ်ပုံတင်တဲ့အခါ ပိုပြီး ပုံမှားတွေ မတင်မိဖို့ ဂရုစိုက်ဖြစ်သွားတယ်လို့ ပြောခဲ့ပါတယ်။ အခြား အဖွဲ့ဝင်တွေကိုလည်း သူ့လို မမှားမိစေဖို့ သတိပေးခဲ့ပါသေးတယ်။ တကယ်တော့ ဒီအဖြစ်အပျက်လေးနဲ့ ပုံလေးဟာ V ရဲ့ အရှက်ရစရာ အတိတ်မဟုတ်ပါဘူးနော်။ ARMY တွေ V ကို အချစ်တိုးသွားစေမယ့် အဖြစ်အပျက်တစ်ခုပဲ ဖြစ်မှာပါ။

Source: Koreaboo
Photo: BTS_Official- Twitter
Written: Gyi Gyi

Share