WINNER အဖွဲ့ဝင် Kang Seung Yoon ရဲ့ Solo album ထွက်ရှိမယ့် ရက်ကို အတည်ပြုကြေညာ

Winner အဖွဲ့ရဲ့ Kang Seung Yoon ကတော့ သူ့ရဲ့ အနုပညာသက်တမ်း ၈နှစ်အကြာမှာ Soloist အနေနဲ့ ယခု နှစ်ထဲမှာ ပွဲဦးထွက်တော့မှာဖြစ်ပါတယ်။January 27 မှာတော့ YG entertainment က နေ “Winner အဖွဲ့က Kang Seung Yoon ရဲ့ပထမဆုံး solo album ကို လာမဲ့ march လ မှာထုတ်ပေးသွားမယ်” လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ခုလတ်တလောမှာတော့ album ထဲက သီချင်းတွေ အကုန်အသံသွင်းပြီးထားပြီး ဖြစ်ပြီး title track အတွက် music video ရိုက်ကူးဖို့ပြင်ဆင်နေပါတယ်တဲ့။ Kang Seung Yoon ဟာ album ထဲက သီချင်းအားလုံးရဲ့ သီချင်းရေး သီချင်းတည်းဖြတ်တဲ့အပိုင်းကအစ ရိုက်ကူးမဲ့ music video ရဲ့ production အပိုင်းမှာလည်း ပါဝင်ထားတယ်လို့လည်း ကြားသိရပါတယ်။

တကယ်တော့ ဒီ album ဟာ မနှစ်ထဲကထုတ်ဖို့ စီစဉ်ထားတာ ဖြစ်ပေမဲ့ Covid-19 ကြောင့် ထွက်ရှိဖို့ ရက်ကို ရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် MBC ရဲ့’King of Mask Singer’ အစီအစဉ်နဲ့ drama ‘Kairos’ ရိုက်ကူးနေရတဲ့ အတွက်ကြောင့် solo album ကို ယခု 2021 မှဘဲ ထွက်ရှိနိုင်တော့တာဖြစ်ပါတယ်။ Kang Seung Yoon ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ Solo Song ကတော့ “Wild and Young” ဖြစ်ပြီး 2013 June တုန်းက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

Source: Allkpop
Written: Violet

Share