စုံတွဲတွေနဲ့ပတ်သက်လာရင် third wheel ဖြစ်သွားတာဟာ တကယ်ကို ရီစရာကောင်းပြီး ကြောင်အမ်းအမ်းဖြစ်ရဆုံးအချိန်ပါပဲ။ အတွဲတွေက ကြည်နူးပျော်ရွှင်နေကြတဲ့အချိန် ကိုယ်ကဘာလုပ်လို့လုပ်ရမှန်းမသိဘဲ ဘေးကနေ ရီကျဲကျဲနဲ့ကြည့်နေရတာ တော်တော်လေးကိုထူးဆန်းနေတတ်ပါတယ်။
ဒီလိုအဖြစ်မျိုးကိုတော့ ဟောင်ကောင်သား Jackson ကလည်း သူကိုယ်တိုင်ကြုံတွေဖူးကြောင်းပြောပြခဲ့ပါတယ်။ တကယ်ကို ရီစရာကောင်းတဲ့ Third Wheel အဖြစ်အပျက်ပါပဲ။ InStyle နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Jackson ကို “third wheel ဖြစ်သွားတဲ့ခံစားချက်မျိုး ရှိဖူးလား?” ဆိုပြီး မေးခဲ့ကြပါတယ်။
ဒီအခါမှာတော့ Jackson က သူ့ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ဖောက်သည်ချပါတော့တယ်။ “ကျွန်တော့်မှ Henry ဆိုတဲ့ ငယ်သူငယ်ချင်းရှိတယ်။ တစ်နေ့ကျတော့ သူက အပြင်မှာတစ်ခုခုသွားစားဖို့ ကျွန်တော့်ကို အဖော်ခေါ်တယ်။ အဲ့တာနဲ့ ကျွန်တော်ကလည်း OK..သွားမယ်ဆိုပြီး သဘောတူလိုက်တာ.သူက သူ့ကောင်မလေးကို ခေါ်ချလာရော..ကျွန်တော့်မှာ ပါးစပ်အဟောင်းသားနဲ့ ဘာပြောရမှန်းကို မသိဘူးဖြစ်သွားတာ။
စားနေတုန်းလည်း သူတို့နှစ်ယောက်က ချစ်ကြည်နူးတစ်တီတူးနေလိုက်ကြတာ..ကျေနပ်ပျော်ရွှင်နေကြတာပေါ့လေ။ ကျွန်တော့်မှာတော့ ငုတ်တုတ်ကြီးထိုင်ပြီး သူတို့နှစ်ယောက်လုပ်သမျှကို ကြောင်ကြောင်ကြီးကြည့်နေခဲ့ရတာ..ထူးဆန်းချက်ပဲ” ဆိုပြီး Third Wheel ဖြစ်တုန်းက ကိစ္စလေးကို ပြောပြပါတော့တယ်။
Jackson က သူ့ရဲ့အဖြစ်အပျက်ကိုပြောတာမြင်ပြီး ငိုအားထက် ရီအားသန်ခဲ့ရပါတော့တယ်။ Jackson လိုပဲ ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ပတ်သက်ပြီး Third Wheel ဖြစ်သွားတဲ့သူတွေ အများအပြားရှိနေကြမယ်ထင်ပါရဲ့။
Source: Koreaboo
Photos: Weibo
Written: Nay Chi