BLACKPINK အဖွဲ့အတွက် ၄ ပုဒ်မြောက် စံချိန်တင်သီချင်းဖြစ်လာတဲ့ “As If It’s Your Last”

သီချင်းကောင်းများစွာနဲ့ ကမ္ဘာအနှံ့ကိုထိုးဖောက်သိမ်းပိုက်ထားတဲ့ BLACKPINK အဖွဲ့ကတော့ Online Livestreaming Concert ကို January လကုန်မှာပဲပြုလုပ်သွားမှာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အပင်ပန်းခံပြီး ကြိုးစားနေတဲ့ကောင်မလေး ၄ ယောက်အတွက် ပရိသတ်တွေကလည်း တတ်နိုင်တဲ့ဖက်က အထောက်အပံ့ပေးလိုက်ပြန်ပါတယ်။

အားပေးသူတို့ရဲ့ အာရုံထားကြိုးစားပေးမှုကြောင့် BLACKPINK အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ဟာ Youtube ကနေ ဝင်ရောက်ကြည့်ရှုသူ သန်းနဲ့ချီပြီး ရရှိခဲ့ကာ အဖွဲ့ရဲ့သမိုင်းအတွက် နောက်ထပ်တစ်ခေါက် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

BLACKPINK အဖွဲ့ရဲ့ နာမည်ကြီးသီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့ “As If It’s Your Last” သီချင်းကတော့ အားပေးသူတို့ရဲ့ပံပိုးမှုနဲ့အတူ နောက်ထပ်စံချိန်အသစ်ကို ရေးထိုးမှတ်တမ်းတင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် June 22 ညနေ ၆ နာရီမှာ ထွက်ရှိခဲ့တဲ့ သီချင်းလေးဖြစ်ပြီး ၃ နှစ် ၇ လနဲ့ ၅ ရက်အကြာမှာတော့ ဝင်ရောက်ကြည့်ရှုသူ 950 million ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

ယခုဆိုရင် “As If It’s Your Last” သီချင်းဟာ BLACKPINK အဖွဲ့အတွက် ကြည့်ရှုသူ 950 million ရရှိခဲ့တဲ့ ၄ပုဒ်မြောက်သီချင်းဖြစ်လာပြီး “DDU-DU DDU-DU,” “Kill This Love,” နဲ့ “BOOMBAYAH” တို့ကလည်း ဒီလိုမျိုးမြင့်မားတဲ့မှတ်တမ်းကို ရေးထိုးထားခဲ့ပြီးဖြစ်ပါတယ်။

BLACKPINK အဖွဲ့ကတော့ January ၃၁ရက်နေ့မှာ ပြုလုပ်မဲ့ သူတို့ရဲ့ပထမဆုံးသော online livestream concert “THE SHOW” အတွက် အားကြိုးမာန်တက်ပြင်ဆင်နေကြပြီး အဖွဲ့ဝင် Rosé ရဲ့ တကိုယ်တော်ဖျော်ဖြေမှုပါ ပါဝင်လာမယ်လို့ သိရပါတယ်။ မပျက်မကွက် အားပေးရပါဦးမယ်။

Source: Soompi
Photos: Twitter
Written: Nay Chi

Share