နာမည်ကျော်သရုပ်ဆောင်ကောင်းတွေ မွေးထုတ်ထားတဲ့ BH entertainment နဲ့ လက်တွဲလိုက်ပြီဖြစ်တဲ့ Jinyoung

GOT7 အဖွဲ့ဟာ 2014 ခုနှစ်မှာ JYP entertainment ကနေ debut ပေးခဲ့တာ ဖြစ်ပြီး Kpop လောကမှာ အောင်မြင်ထင်ရှားတဲ့ idol gp အနေနဲ့ ခုနှစ်ကြာရပ်တည်နိုင်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာ JYP ဟာ GOT7 အဖွဲ့ဝင် ခုနှစ်ယောက်လုံး သူတို့ agency နဲ့ စာချုပ် ထပ်ချုပ်ဆိုခြင်း မရှိတော့ဖူး ဟု confirmed ပေးခဲ့ပါ တယ်။

အဖွဲ့ဝင်တွေထဲက Youngjae နဲ့ Jackson ကတော့ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေ ဆက်လုပ်ကိုင်နိုင်ဖို့ Sublime Artist Agency နဲ့ လက်မှတ်ထိုးခဲ့ပါတယ်။ January 28 မှာတော့ BH Entertainment ကနေ GOT7 အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Jinyoung နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ခုလို တရားဝင်ထုတ်ပြန်စာ ထုတ်ပေးခဲ့ပါတယ်။ “ကျွန်ုပ်တို့က Jinyoung ရဲ့ acting ပိုင်း singing ပိုင်းကအစ တခြားအမျိုးမျိုးသော activities တွေအတွက်ပါ BH Entertainment ရဲ့ company system နဲ့အညီ ထောက်ပံ့ပေးသွားမှာပါ”

BH Entertainment ဟာဆိုရင် Lee Byung Hun, Kim Go Eun, Park Bo Young, Park Hae Soo,Ahn So Hee, Yoo Ji Tae, Jung Woo, Lee Jin Wook,Han Ga In, Han Ji Min, Han Hyo Joo, Lee Ji Ah, Kim Yong Ji အစရှိတဲ့ နာမည်ကျော် အနုပညာရှင် သရုပ်ဆောင်ကောင်းတွေ ရှိတဲ့ Agency ဖြစ်ပါတယ်။

Jinyoung ဟာ idol အနေနဲ့ 2014 မှာ GOT7 အဖွဲ့ဝင်အဖြစ် debut ခဲ့ပေမဲ့ သရုပ်ဆောင် အနေနဲ့တော့ 2012 ခုနှစ်ထဲက KBS drama ဖြစ်တဲ့ Dream High 2 မှာ ပါဝင်သရုပ်ဆောင်ဖူးပါတယ်။နောက်ပိုင်းမှာ “My Love Eun Dong” “The Legend of the Blue Sea” “He is Pyschometric” “When My Love Blooms” အစရှိတဲ့ K drama တွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Jin Young တစ်ယောက် နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်တွေရှိတဲ့ BH entertainment နဲ့ လက်တွဲခဲ့တဲ့အတွက် ရှေ့ဆက်မဲ့ အနုပညာခရီးလမ်းမှာ သရုပ်ဆောင်ကောင်း တစ်ယောက်အဖြစ် ဒီ့ထက်ပိုအောင်မြင်ပြီး ကားရိုက်ကူးမှုတွေလည်း များပြားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Koreaboo
Written: Violet

Share