အားလုံးသိချင်နေကြတဲ့ Mnet ရဲ့ Survival Show ဖြစ်တဲ့ “Kingdom” အတွက် Final Line Up ကို Mnet က အတည်ပြုပေးလိုက်ပါပီ။ “Kingdom” ဆိုတာကတော့ ပြီးခဲ့တဲ့နှစ်က Mnet မှာ လွှင့်ခဲ့တဲ့ “Road to Kingdom” ရဲ့ Follow up Program ပါ။ “Road to Kingdom” မှာ အနိုင်ရရှိတဲ့ အဖွဲ့ကတော့ Level-up ထားတဲ့ “Kingdom” မှာ ပါဝင်ခွင့်ရမယ်လို့ ကြေညာထားခဲ့ပီး ဒီအခွင့်အရေးကိုတော့ “THE BOYZ” က ရရှိခဲ့ပါတယ်။
“Kingdom” မှာ ဘယ်အဖွဲ့တွေက ပါဝင်ယှဉ်ပြိုင်ပီး အားပြိုင်ကြမလဲဆိုတာ လူအများ စိတ်ဝင်စားခဲ့ကြပါတယ်။ ယခုလ အစောပိုင်းမှာတော့ iKON ဟာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ပြိုင်ပွဲမှာပါဝင်သွားမလားဆိုတဲ့ အတည်ပြုမှုတော့ မထွက်ပေါ်ခဲ့ပါဘူး။
BTOB ကတော့ မူလက Mnet ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပီး ဆက်လက်ဆွေးနွေးမှုတွေပြုလုပ်ပီးတဲ့နောက်မှာတော့ “Kingdom” မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ MONSTA X ကတော့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။
ယခုဆိုရင်တော့ Mnet ဟာ အနုပညာရှင်တွေနဲ့ များစွာသောဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် ပါဝင်ယှဉ်ပြိုင်သွားမယ့် အဖွဲ့တွေကို အတည်ပြုပေးခဲ့ပါပီ။ Osen မှ သတင်းထုတ်ပြန်ချက်အရ “Kingdom” မှာ အဖွဲ့ (၆) ဖွဲ့ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ဘယ်အဖွဲ့တွေလည်းဆိုတာ ကြည့်လိုက်ရအောင်နော်။
Mnet ရဲ့ “Kingdom” ကိုတော့ ဂန္တဝင်အဖွဲ့ဖြစ်တဲ့ TVXQ! မှ MC အဖြစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ TVXQ အဖွဲ့ဟာ “Kingdom” ကို အစီအစဉ်တင်ဆက်သူ အနေနဲ့သာမက Mentor တွေအနေနဲ့ပါ ဆောင်ရွက်သွားမှာပါ။
Source: Koreaboo
Photo: Naver
Written: Gyi Gyi