ယခုအပတ်လာမဲ့ “Mr.Queen“ K drama အပိုင်း ရဲ့ OST ကို သီဆိုသွားမဲ့ EXO member Xiumin

EXO အဖွဲ့က အသက်ကြီးဆုံး member ဖြစ်တဲ့ xiumin ကတော့ စစ်မှုထမ်းတာဝန်ထမ်းအပြီး ပထမဆုံး အနုပညာလှုပ်ရှားမှုအနေနဲ့ နာမည်ကြီး K drama “Mr.Queen” ရဲ့ Ost ကို သီဆိုမှာဖြစ်ပါတယ်။ January 29 မှာတော့ Big Ocean ENM ကနေ Xiumin ဟာ tvN ရဲ့ Hit drama ဖြစ်တဲ့ “Mr.Queen” ရဲ့ Soundtrack ကို ပါဝင်သီဆိုသွားမယ်လို့ announce လုပ်ခဲ့ပါတယ်။

Company က သီချင်းထွက်မဲ့ရက်ကိုလည်း ခုလို အဆိုပြုပေးခဲ့ပါတယ်။ “Mr.Queen OST ရဲ့ ခုနှစ်ပုဒ်မြောက် soundtrack ကို Xiumin က ပါဝင်သီဆိုသွားမှာ ဖြစ်ပြီး January 31 မှာ ထွက်ရှိမှာ ဖြစ်ပါတယ်” ဒီသီချင်းရဲ့ ခုလို detail တွေမသိခင် Xiumin ဟာ bubble message မှာ ပရိတ်သတ်တွေအတွက် selfie ပုံလေးနဲ့ hints တွေပေးခဲ့ဖူးပါတယ်။ ခုမှသာ EXO Lတွေခမျာ ဒီ ost အတွက် hints ပေးမှန်း သဘောပေါက်မိပါတော့တယ်။

“Mr.Queen” K drama ဟာ နန်းတွင်းကား fantasy ဟာသဇာတ်မြူးကားဖြစ်ပြီး ဒီခေတ်ကနေ ဟိုးဘက်ခေတ် ဂျိုဆွန်းခေတ်က လူထဲ ဝိဉာဉ်ဝင်သွားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ မြန်မာပရိသတ်တွေရဲ့ အချစ်တော်ဘီဘီဟာ သမ္မတ အိမ်ပြာတော်ရဲ့ စာဖိုမှူးအဖြစ်သရုပ်ဆောင်ထားပြီး ဟိုးဘက်ခေတ် ဂျိုဆွန်းခေတ်မိဖုရားကိုယ်ထဲ ဝိဉာဉ်ဝင်သွားပုံမျိုး သရုပ်ဆောင်ထားပါတယ်။

ဂျိုဆွန်းခေတ် မိဘုရား “Kim So yong” အဖြစ် နာမည်ကြီး မင်းသမီး “Shin Hye Sun” က သရုပ်ဆောင်ထားပြီး သူမရဲ့ ယောကျာ်းပုံစံနဲ့ မိန်းမပုံစံ ရောပြွန်းနေတဲ့ပုံစံမျိုး သရုပ်ဆောင်ချက်တွေက ဒီဇာတ်ကားရဲ့ tempo ကို အမြင့်ဆုံးရောက်အောင် ဆွဲခေါ်နိုင်ခဲ့ပါတယ်။

မင်းကြီး “Cheoljong” အဖြစ် မြန်မာပရိသတ်တွေ မျက်ရည်လည်ရင်ထဲထိခဲ့ရတဲ့ Crash landing On you ကားထဲက ဒုတိယမင်းသား “Kim Jung Hyun” က ခုကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ရုပ်သေးရုပ်မင်းကြီးကနေ သူအလိုရှိရာ ဩဇာအာဏာသက်ရောက်အောင် ကြိုးစားနေတဲ့ မင်းကြီး ဇာတ်ရုပ်ကို ပေါ်လွင်အောင် သရုပ်ဆောင်ထားချက်က ဒီဇာတ်ရုပ်နဲ့ သူနဲ့တကယ်ဘဲ လိုက်ဖက်လွန်းလှပါတယ်။

“Mr.Queen” ကတော့ တပတ်ထက် တပတ် rating တွေမြင့်လာပြီး အပိုင်း(၁)ထဲက ပရိသတ်တွေ အားပေးမှုအများဆုံးကား ဖြစ်ပါတယ်။ ယခုလာမဲ့ အပိုင်းကို ပရိသတ်တွေ အများကြီးစိတ်ဝင်စားလျက်ရှိပြီး xiumin ကပါ ost ဝင်ဆိုမယ်ဆိုတော့ EXO L တွေလည်း ရင်ခုန်စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ်။

Source: Soompi
Written: Violet

Share