ကိုရီးယားရဲ့ အဆင့်မြင့်မြို့သစ်ကြီးမှာ ပရောဂျက်တစ်ခုကို ပူးပေါင်းလုပ်ဆောင်သွားမယ့် BigHit ၊ YG နဲ့ Naver

BigHit Entertainment ၊ Naver Corporation နဲ့ YG Entertainment တို့ဟာ မထင်မှတ်ထားတဲ့ ပရောဂျက်ကြီး တစ်ခုကို ပူးပေါင်းလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ BigHit Entertainment က YG PLUS မှာလည်းကောင်း၊ Naver ကလည်း BigHit Entertainment ရဲ့ ကုမ္ပဏီအခွဲတွေထဲက တစ်ခုမှာလည်းကောင်း ငွေကြေးအမြောက်အများ ရင်းနှီးမြှုပ်နှံခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာတော့ ဒီအဖွဲ့အစည်းသုံးခုဟာ သူတို့ရဲ့ ဆက်ဆံရေးကို ပိုပြီး တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်တော့မယ်လို့ ယူဆရပါတယ်။

သူတို့ ၃ ဦးဟာ မကြာခင်မှာ ဖွံ့ဖြိုးတိုးတက်လာတော့မယ့် Uijeong-bu Rhythm City ဆိုတဲ့ နေရာမှာ ‌concert venue တစ်ခုကို တည်ဆောက်ဖို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ၂၀၂၀ ဒီဇင်ဘာလထဲမှာ YG Entertainment ကနေ အဲ့ဒေသမှာရှိတဲ့ concert venue နေရာကို ဝယ်ယူခဲ့တယ်လို့ သိရှိရပြီး မြေနေရာဟာ စတုရန်းမီတာ ၂၂၀၀၀ ကျယ်ဝန်းပါတယ်။

ထို venue မှာ ဖျော်ဖြေရေးနဲ့ concert content တွေကို ဖန်တီးဖို့အတွက် SFX (အထူးပြုလုပ်ချက်များ) နဲ့ VFX (ရုပ်ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များ) နည်းပညာတွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ထို venue မှာ ဖျော်ဖြေနေတာတွေကို YouTube နဲ့ တခြား platform တွေကနေ တိုက်ရိုက်ကြည့်ရှုလို့ရအောင် ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ထို venue မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုသူတွေအတွက်ရော အွန်လိုင်းကနေ ကြည့်ရှုလိုသူတွေအတွက်ရော အဆင်ပြေအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ K-Pop လောကရဲ့ တိုးတက်မှုတစ်ခုလို့လည်း ဆိုရမှာပါ။  မြေနေရာဟာဆိုရင်လည်း ၄ ထပ်ကနေ ၇ထပ်အထိ အဆောက်အအုံဆောက်လို့ရတဲ့ အနေအထားမှာ ရှိပါတယ်။

တစ်ဖက်မှာ ဒီ Uijeongbu Sangok-dong မှာရှိတဲ့ ဒီခေတ်မီ အဆင်မြင့်မြို့သစ်ကြီးမှာဆိုရင် ယဉ်ကျေးမှုစင်တာ၊ ရှော့ပင်းစင်တာနဲ့ အဆင်မြင့်တိုက်ခန်းတွေ ပါရှိမှာ ဖြစ်တဲ့အတွက် ပြည်ပခရီးသွားတွေအတွက် အချက်အချာနေရာတစ်ခုဖြစ်လာပြီး နိုင်ငံရဲ့ ဝင်ငွေကို တိုးတက်စေမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးတွေကိုတော့ ၂၀၂၂ ခုနှစ် အလယ်ပိုင်းလောက်မှာ အဆုံးသတ်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Source : Koreaboo
Photo : Naver
Written : ZL

Share