မြောက်ကိုရီးယားမှာကော BTS အောင်မြင်ကျော်ကြားလား…

BTS ကတော့ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုကို ရရှိနေတဲ့ ကမ္ဘာကျော်အဖွဲ့ပါ။ ဒါဆိုရင် တောင်ကိုရီးယား အမျိုးသားအဖွဲ့ BTS ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ရန်ဘက်ဖြစ်တဲ့ မြောက်ကိုရီးယားမှာကော အောင်မြင်ကျော်ကြားရဲ့လား။

AYO ရဲ့ “Comment Defenders” လို့ခေါ်တဲ့ အစီအစဉ်မှာ မြောက်ကိုရီးယားမှ တောင်ကိုရီးယားနိုင်ငံသို့ ခိုဝင်လာခဲ့ကြတဲ့ မြောက်ကိုရီးယားလူမျိုး Kang Nara နဲ့ Park Yoo Sung တို့ကို ဖိတ်ခေါ်ပြီး မြောက်ကိုရီးယားနိုင်ငံက Kpop ရဲ့ ကျော်ကြားမှုအကြောင်းကို ဆွေးနွေးစေခဲ့ပါတယ်။ BTS ရဲ့ အောင်မြင်မှုအကြောင်းကို မေရခဲ့တဲ့အခါမှာတော့ Park Soo Young ဟာ ဒီလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Park Soo Young: ” မြောက်ကိုရီးယားမှာ BTS အရမ်းကိုပဲ ကျော်ကြားပါတယ်။” ဆက်လက်ပြောခဲ့တာကတော့ BTS ဆိုတဲ့အမည်ဟာ “Bulletproof Boys Scouts” ဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ် တရားလွန်ကြီးစိုးတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ “Scouts” ဆိုတဲ့စကားလုံးဟာ စစ်တပ်အသုံးအနှုန်းဖြစ်တဲ့အတွက် ဒီစကားပြောမိရင် အဖမ်းခံရနိုင်ပါတယ်။

ဒါ့ကြောင့် ” Bulletproof Backpack” လို့ စကားဝှက်သုံးပြီးကို BTS အကြောင်းပြောကြပါတယ်တဲ့။ Kang Nara ကလည်း မြောက်ကိုရီးယားက BTS ရဲ့ အောင်မြင်မှုကို ထောက်ခံခဲ့ပါတယ်။ Kang Nara: ” မြောက်ကိုရီးယားကနေ လွန်ခဲ့ နှစ်နှစ်က ရုန်းထွက်လာခဲ့တဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်လည်း ပြောခဲ့ဖူးတယ်။

BTS ကို လူတိုင်းသိကြတယ်။ “Spring Days” သီချင်းကိုလည်း သီဆိုညီး တတ်ကြသေးတယ်” ဒီလောက်ဆိုရင် BTS ရဲ့ မြောက်ကိုရီးယားအောင်မြင်မှုကို အငြင်းပွါးစရာမလိုတော့ဘူးထင်ပါတယ်။ မြောက်ကိုရီးယားမှာပါ ကျော်ကြားတဲ့ တကယ့်ကမ္ဘာကျော် အဖွဲ့ပါပဲ။

Source: Koreaboo
Photo: AYO’s “Comment Defenders”
Written: Gyi Gyi

Share