အနုပညာကြေးအမြင့်ဆုံးရရှိတဲ့ ထိုင်းမင်းသမီးချော ၅ ယောက်

ထိုင်းနိုင်င​ံမှာတော့ အနုပညာရှင်တွေဟာ ဇာတ်လမ်းတွဲတွေရိုက်ကူးမှုအပြင် ပွဲအခမ်းအနားတက်ရောက်တာတွေ၊ ကြော်ငြာရိုက်ကူးတာတွေကနေပါ အနုပညာကြေးတွေ များစွာရရှိထားပါတယ်။ ထိုင်းအနုပညာနယ်ပယ်ရဲ့ အနုပညာကြေးအမြင့်ဆုံးရရှိထားတဲ့ ထိုင်းမင်းသမီးချော ၅ယောက်ကတော့..

5. Bella Ranee

TV drama ဖြစ်တဲ့ “Buppesunnivas“ မှာ ပါဝင်ရိုက်ကူးခဲ့ပြီးနောက် နာမည်ကြီးလာခဲ့တဲ့ Bella Ranee ဟာ 8 Millions Baht (သို့) ဒီ့ထက်ပိုများတဲ့အနုပညာကြေးတွေကို ကြော်ငြာရိုက်ကူးမှုကနေရရှိပြီး ပွဲအခမ်းအနားတစ်ခုတက်ဖို့အတွက် ထိုင်းငွေ 150,000 Baht အထိရရှိကာ အနုပညာကြေးအမြင့်ဆုံးမင်းသမီးအဖြစ် အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

4. Mai Davika

အဆင့် ၄ နေရာမှာရပ်တည်နေတဲ့ Mai Davika ကလည်း တကယ့်ကိုကြေးမြင့်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး နိုင်ငံရပ်ခြားကပွဲအခမ်းအနား​တွေကိုပါ တက်ရောက်ဖို့ဖိတ်ကြားခံရသူဖြစ်ပါတယ်။ ပြောကြားချက်တွေအရ ပွဲအခမ်းအနားတစ်ခုတက်ရောက်လျှင် 200,000 Baht ရရှိပြီး ကြော်ငြာရိုက်ကူးမှုတွေမှ 8 Millions Baht (သို့) ဒီ့ထက်ပိုများတဲ့အနုပညာကြေးတွေ ရရှိနေသူဖြစ်ပါတယ်။

3. Yaya Urassaya

ထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသမီးလေး Yaya Urassaya ကတော့ အမေရိကန်နဲ့ တခြားနိုင်ငံပေါင်းများစွာမှာပါ နာမည်ကြီးသူလေးဖြစ်ပါတယ်။ နိုင်ငံတကာ brand တွေနဲ့ လက်တွဲအလုပ်လုပ်နေတဲ့ Yaya ကို အခမ်းအနားတစ်ခုတက်ရောက်ဖို့ 300,000 Baht အထိ ပေးရပြီး ကြော်ငြာရိုက်ကူးဖို့ဆိုလျှင် 9 Millions Baht (သို့) ပိုများတဲ့ ငှားရမ်းခကိုပေးဆောင်ရတာကြောင့် အနုပညာကြေးမြင့်တဲ့ ၃ ယောက်မြောက်မိန်းမလှလေးဖြစ်ပါတယ်။

2. Chompoo Araya

အိမ်ထောင်ပြုပြီးတဲ့နောက် Chompoo Araya ဟာ ဇာတ်လမ်းတွဲရိုက်ကူးမှုတွေကနေ ခေတ္တအနားယူထားခဲ့ပေမဲ့လည်း Fashion ကျသူဖြစ်တာကြောင့် ပြည်တွင်းပြည်ပပွဲအခမ်းအနားတွေမ​ှာ ဖိတ်ကြားခံရသူဖြစ်ပါတယ်။ ထိုင်းဘတ်ငွေ 300,000 ကို ပွဲတစ်ခါတက်လျှင်ရရှိပြီး ကြော်ငြာရိုက်ကူးမှုတွေအတွက် 10 Millions Baht အထိ မြင့်မားတဲ့အနုပညာကြေးကို ပေးချေရပါတယ်။

1. Aum Patchrapa

ထိုင်းနိုင်ငံရဲ့အနုပညာကြေးအမြင့်ဆုံးမင်းသမီးအဖြစ် ပထမနေရာမှာရပ်တည်နေတာကတော့ Aum Patchrapa ပါပဲ။ Aum ကို ပွဲအခမ်းအနားတစ်ခုမှာတက်ရောက်ဖို့အတွက် အေဂျင်စီဖက်ကနေ 300,000-400,000 Baht အထိ ပေးချေရပြီး ကြော်ငြာတစ်ခုရိုက်ကူးဖို့ 12-15 Millions Baht ရှိတဲ့ ကြောက်ခမန်းလိလိအနုပညာကြေးကို ပေးချေရပါတယ်။

Source: ThaiUpdate
Photos: Weibo
Written: Nay Chi