“True Beauty” ဇာတ်လမ်းအတွက် Hwang In Yeop ရဲ့ အထူးအစီအစဉ်

True Beauty ဇာတ်လမ်းထဲမှာ Han Seo Jun အဖြစ်သရုပ်ဆောင်နေတဲ့ Hwang In Yeop ကတော့ ခပ်မိုက်မိုက်ပုံစံနဲ့ တစ်ယောက်တည်းကိုပဲအချစ်ကြီးချစ်မိနေတဲ့ Bad Boy ပုံစံလေးသရုပ်ဆောင်ထားကြောင့် မိန်းမသားတို့ရဲ့နှလုံးသားကို အရည်ပျော်ကျသွားစေပါတော့တယ်။

သရုပ်ဆောင်တာတင်မကဘဲ အသံချိုချိုလေးနဲ့ Maktub ရဲ့ “To You My Light” နဲ့ Alex ရဲ့ “Flowe Pot” သီချင်းတွေကို ဇာတ်လမ်းတွဲထဲမှာသီဆိုပြခဲ့တဲ့အပိုင်းကစပြီး ကြည့်ရှုသူတွေက ဟန်စောဂျွန်းရဲ့အသံကို ထပ်တလဲလဲနားဆင်မိနေပါတော့တယ်။

ဝမ်းသာစရာသတင်းကတော့ In Yeop ဟာ ဇာတ်လမ်းအတွက် OST မှာ ပါဝင်သီဆိုသွားမယ်လို့ ကြေညာခဲ့ပါတယ်။ January လ ၂၉ ရက်နေ့မှာတော့ InYeop ဟာ OST မှာ ပါဝင်သီဆိုမယ်ဆိုပြီး သတင်းတွေထွက်လာခဲ့တာကြောင့် ပရိသတ်တွေက အမှတ်တကယ်ဖြစ်လာဖို့အတွက် မျှော်နေခဲ့ကြတာပါ။

ထိုနေ့မှာပဲ True Beauty ဇာတ်လမ်းရဲ့ အသစ်ထွက်လာမဲ့သီချင်းတစ်ပုဒ်မှာ InYeop ရဲ့ အသံချိုချိုလေးကို နားဆင်ရတော့မှာဖြစ်ကြောင်း အတည်ပြုပေးခဲ့တာပါ။ သီချင်းသစ်လေးကတော့ February လ ၅ရက်နေ့မှာထွက်လာမှာဖြစ်ပြီး နူးညံ့ချိုသာတဲ့ InYeop ရဲ့အသံလေးကိုကြားရဖို့ အားလုံးကရင်ခုန်နေကြပါ​တော့တယ်။

မင်းသားတစ်ယောက်အဖြစ် အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ Hwang InYeop ကတော့ OST သီချင်းတွေကို တစ်ခါမှသီဆိုဖူးခြင်းမရှိသေးတာကြောင့် အသစ်ထွက်လာမဲ့သီချင်းသစ်လေးဟာ ပရိသတ်တွေအတွက်ကော၊ InYeop အတွက်ပါ တန်ဖိုးရှိနေပါတော့တယ်။ Hwang InYeop ကို အကြွေကြီးကြွေပြီး အချစ်ပိုနေရတဲ့ပရိသတ်တွေအတွက်တော့ မင်းသားရဲ့ဆွဲဆောင်မှုရှိပြီးချိုသာတဲ့အသံလေးနဲ့ သီဆိုထားတဲ့သီချင်းကိုအားပေးကြဖို့ အခုကတည်းက အားခဲနေကြပါပြီ။

True Beauty ရဲ့ နောက်ဆုံးအပိုင်းတွေကို February ၂ ရက်နဲ့ ၃ ရက်နေ့မှာပြသသွားမှာဖြစ်လို့ ဇာတ်လမ်းလေးကိုစွဲလန်းပြီး မပြီးဆုံးစေချင်သေးတဲ့ပရိသတ်တွေကို February လ ၅ရက်နေ့မှာပဲ Hwang InYeop က သီချင်းလေးနဲ့ နှစ်သိမ့်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

Source: Koreaboo
Photos: TVN
Written: Nay Chi

Share