Gigi Hadid လည်း BLACKPINK ပရိသတ်တစ်ယောက်ပါပဲဆိုတာကို သက်သေပြနေတဲ့ အချက်များ

ကဲ Gigi Hadid လည်း BLINK တစ်ယောက်ပါပဲတဲ့နော်။ A-List supermodel အပြင် influencer တစ်ယောက်လည်းဖြစ်တဲ့ Gigi Hadid ဟာ BLACKPINK ရဲ့ ပရိသတ်ဖြစ်ကြောင်း ပြသခဲ့တဲ့ အခိုက်အတန့်တွေ အများကြီးရှိခဲ့ပါတယ်။ ကဲ ဘယ်လို အချက်လေးတွေလဲဆိုတာ ကြည့်ရအောင်နော်။

  • 1. BLACKPINK ရဲ့ Merchandise T-Shirt ကို ဝတ်ခဲ့စဉ်က…

Gigi ဟာ ဇန်နဝါရီ ၂၉ ရက်နေ့က သူမရဲ့ Instagram Story မှာ အိပ်ယာဝင်ကာနီး Mask ကပ်ပြီး Skincare နေတဲ့ ပုံကို တင်ခဲ့တာပါ။ ဒီပုံမှာ ပရိတ်သတ်တွေ ထပ်ပြီး သတိထားမိတာကတော့ Gigi ဝတ်ထားတဲ့ T-Shirt ဟာ BLACKPINK ရဲ့ Official Merchandise T-Shirt ဖြစ်နေတာပါပဲ။

  • 2. BLACKPINK အဖွဲ့ဝင်တွေပုံပါတဲ့ Ariana Grande’ ရဲ့ Post ကို Like ခဲ့စဉ်က…

Ariana Grande ဟာ သူမရဲ့ IG မှာ Lisa, Rose’ နဲ့ Jennie နဲ့အတူ တွဲရိုက်ထားတဲ့ ပုံကို တင်ဖူးခဲ့ပါတယ်။ ဒီ Post ကို Like လုပ်ခဲ့သူများထဲမှာ Gigi တစ်ယောက်လည်း အပါအဝင်ပါပဲ။

  • 3. Jennie ပုံပါတဲ့ Post ကို Like ခဲ့စဉ်က…

Moisas Arias ဟာ သူ့ရဲ့ IG acc 490tx မှာ Photoshop လုပ်ထားတဲ့ Jennie ပုံကို တင်ခဲ့ဖူးပါတယ်။ ဒီ Post ကိုလည်း Gigi တစ်ယောက် Like လုပ်ခဲ့တာပါပဲ။ BLACKPINK တို့ကတော့ ကမ္ဘာကျော် Celebrity တွေကပါ အချစ်ခံရတဲ့ ကောင်မလေးတွေပါပဲ။

Source: Koreaboo
Photo: Instagram, Getty Image
Written: Gyi Gyi

Share