BTS အဖွဲ့ ဝင်တွေ အချင်းချင်း လက်တွဲဖို့ ဖြစ်နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့ဖူးတယ်လို့ ပြောပြခဲ့တဲ့ Suga

BTS အဖွဲ့ဝင်တွေဟာ နွေးထွေးတဲ့ ဆက်ဆံရေးရှိပြီး တအူတုံဆင်း ညီအစ်ကိုရင်းပမာပါပဲ။ အခုအချိန်မှာ BTS အဖွဲ့ဝင်တွေဟာ ဒီလိုရင်းနှီးပြီး တွဲဘက်ညီညီနဲ့ ဆောင်ရွက်နေကြပေမယ့် Suga ကတော့ BTS အဖွဲ့စဖွဲ့မယ်ဆိုတဲ့ အချိန်တုန်းက ဒီအဖွဲ့ဟာ အဆင်ပြေပါ့မလားလို့ သံသယရှိခဲ့ဖူးပါတယ်တဲ့။

2020! BTS FESTA မှာတော့ Suga ဟာ ဒီလို ပြောပြခဲ့ဖူးပါတယ်။ အဖွဲ့ဝင်အားလုံးမှာ တစ်ယောက်နဲ့ တစ်ယောက် လွန်စွာကွဲပြားတဲ့ အကျင့်စရိုက်တွေရှိတဲ့အတွက် Suga ဟာ ဒီအဖွဲ့ဟာ အတူတကွ လက်တွဲဖို့ ဖြစ်နိုင်ပါ့မလားလို့ BTS အဖွဲ့ debut မလုပ်ခင်က တွေးမိခဲ့ဖူးတယ်လို့ ပြောပြသွားခဲ့ပါတယ်။

Suga ဆက်ပြောခဲ့တာကတော့ သူ့ရဲ့အဲ့အတွေးဟာ တက်တက်ဆင်အောင်ကို လွဲခဲ့ပါတယ်တဲ့။ ခုဆိုရင်တော့ BTS အဖွဲ့ဟာ Teamwork ကောင်းကောင်းနဲ့ စည်းလုံးတဲ့အဖွဲ့လို့ လူတိုင်းချီးကျူးနေရတဲ့ အဖွဲ့ ဖြစ်လာပါပီ။ အဖွဲ့ဝင်တွေ ပြောပြခဲ့တာတော့ မတူညီတဲ့ အကျင့်စရိုက်တွေရှိတဲ့ သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ မတူကွဲပြားမှုတွေကို လက်ခံခဲ့တဲ့အတွက်ကြောင့် ဒီလို ခိုင်ခိုင်မြဲမြဲ စည်းလုံးနိုင်တာပါတဲ့။

ဒီလို မတူညီတဲ့ အကျင့်စရိုက်တွေကို တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး လက်တွဲခဲ့တဲ့ ညီအစ်ကို ၇ ယောက်ဟာတော့ ခုအချိန်မှာ ကြိုးစားမှုရဲ့ ရလဒ်ကြောင့် ကမ္ဘာက အသိအမှတ်ပြုရတဲ့ အဖွဲ့ဖြစ်လာနိုင်တာပါ။

Source: Koreaboo
Photo: Naver
Written: Gyi Gyi

Share