အသွားအလာကန့်သတ်ချက်တွေကြောင့် မွေးရပ်မြေကိုသွားလို့မရသေးတဲ့အခါ Lisa သတိအရဆုံးအရာများ…

ကပ်ရောဂါအခြေအနေကလည်း နိုင်ငံအနှံ့မှာ အများအပြားကူးစက်နေတာကြောင့် အသွားအလာကန့်သတ်ချက်တွေချမှတ်ကာ ရောဂါကိုထိန်းချုပ်နေကြရတဲ့အခြေအနေဖြစ်ပါတယ်။ တခြားနိုင်ငံသားတွေဖြစ်တဲ့ Kpop Idol တွေအနေနဲ့ ဒီလိုအခြေအနေဟာ အနည်းငယ် စိတ်ကျဥ်းကျပ်စရာကောင်းနေပါတယ်။

BLACKPINK အဖွဲ့ရဲ Lisa ကလည်းပဲ သွားလာခွင့်ထိန်းချုပ်ကန့်သတ်ချက်တွေကြောင့် သူမရဲ့မွေးရပ်မြေဖြစ်တဲ့ ထိုင်းနိုင်ငံကို သွားလို့မရသေးဘဲ ဖြစ်နေပါတော့တယ်။ ထိုအတွက်ကြောင့် Lisa လေးဟာ မွေးရပ်မြေကို လွမ်းဆွတ်တမ်းတရတဲ့အရာ နှစ်ခုကိုပြောပြလာခဲ့ပါတယ်။

THE STANDARD နဲ့ပြုလုပ်ခဲ့တဲ့ Interview မှာ သွားလာခွင့်မရသေးတဲ့အခြေအနေကြောင့် မွေးရပ်မြေကိုပြန်လို့မရသေးတဲ့အခါ Lisa အလွမ်းဆုံးအရာတွေကို မေးမြန်းခဲ့ပါတယ်။ ထိုအခါ Lisa က “ကျွန်မအတမ်းတဆုံးကတော့ ၂ခုပဲရှိပါတယ်။ ကျွန်မရဲ့မိသားစုနဲ့ ထိုင်းက BLINK လေးတွေကိုပါ။

ကပ်ရောဂါအခြေအနေတည်ငြိမ်လာရင် လူချင်းတွေ့ချင်ပါသေးတယ်။ သူတို့လေးတွေရဲ့ ကောင်းမွန်နွေးထွေးတဲ့ချစ်ခြင်းမေတ္တာတွေက ကျွန်မတို့တဖွဲ့လုံးကိုပျော်ရွှင်စေပါတယ်။ ဒါကြောင့်မို့လို့ ကပ်ရောဂါကြီးမြန်မြန်အဆုံးသတ်ပြီး အားလုံးနဲ့တွေ့ချင်လှပါပြီ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

မိသားစုနဲ့ခွဲခွာပြီး တနယ်တကျေးမှာ လာရောက်နေထိုင်ရတဲ့အချိန် Lisa အတွက် BLACKPINK အဖွဲ့ဝင်တွေဟာ မိသားစုပဲဖြစ်ပါတယ်။ တကယ့်ညီအစ်မအရင်းတွေလိုပဲ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးကြင်နာပြီး ဖေးမကူညီကြတာမို့လို့ Lisa အတွက် နှစ်သိမ့်ဖြေလျှော့ရာဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် အားပေးတဲ့ပရိသတ်တွေကလည်း Lisa လေးနဲ့ BLACKPINK အဖွဲ့ကို အနီးကဖြစ်စေ၊ အဝေးကဖြစ်စေ အားပေးနေကြတာမို့လို့ ကြည်နူးစရာအသိုက်အဝန်းလေးတစ်ခုဖြစ်နေပါတော့တယ်။

Source: Koreaboo
Photos: Twitter
Written: Nay Chi

Share