Jackson ရဲ့ဘဝခံစားချက်အစစ်အမှန်တွေပါဝင်နေတဲ့ အသစ်ထွက်လာခဲ့တဲ့သီချင်းသစ် “Alone”

GOT7 အဖွဲ့ဝင်တွေဟာ ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝခရီးကို ကိုယ်စီလျှောက်လှမ်းကြဖို့ဆုံးဖြတ်ပြီးကြတဲ့နောက် Jackson Wang ကတော့ ‘Alone’ ဆိုတဲ့ Solo သီချင်းသစ်လေးကိုထုတ်ပေးခဲ့ပါတယ်။ Team Wang နဲ့အတူ ပရိသတ်တွေအတွက် အလုပ်ကြိုးစားနေခဲ့တဲ့ Jackson ဟာ ၂၀၂၁ ဇန်နဝါရီလ ၃၀ ရက်နေ့မှာပဲ သူ့ရဲ့သီချင်းသစ်လေးကို ပရိသတ်တွေထံချပြခဲ့ပါတယ်။

သီချင်းထဲမှာတော့ Jackson ကိုယ်တိုယ်လျှောက်လှမ်းခဲ့တဲ့ဘဝခရီးအကြောင်းလေး ပါဝင်နေခဲ့တာပါ။ “Alone” ဆိုတဲ့သီချင်းလေးမှာတော့ Jackson ဟာ အရာရာကို တစ်ယောက်တည်းကြံ့ကြံ့ခံရင်ဆိုင်ခဲ့တဲ့အကြောင်းလေးပါဝင်နေပါတယ်။ သူ့ရဲ့အိပ်မက်တွေနောက်ကိုလိုက်ရင်း သူ့နဲ့ရင်းနှီးသမျှအရာအားလုံးကို မျက်နှာလွှဲကာ ဘဝခရီးစတင်ခဲ့တဲ့အကြောင်းရည်ညွှန်းနေခဲ့ပါတယ်။

အခက်အခဲမှန်သမျှတွေကို တစ်ယောက်တည်းရင်ဆိုင်ရင်း အရှုံးတွေကိုလက်ခံခဲ့ရတဲ့အချိန်ရှိကာ ယခုအချိန်မှာ ထပ်မံပြီးတောက်ပဖို့အချိန်ကျပြီဖြစ်ကြောင်း ထည့်သွင်းသီဆိုထားပါတယ်။ အတိုက်အခံတွေကိုမမှုဘဲ အမြင့်ဆုံးကိုရောက်အောက်တက်လှမ်းမဲ့အကြောင်းပါ သွယ်ဝိုက်ပြောဆိုထားပါတော့တယ်။

သီချင်းကတော့ Jackson ရဲ့ အမိဘာသာစကားဖြစ်တဲ့ Mandarin ဘာသာစကားနဲ့သီဆိုထားပြီး သီချင်းပိုင်းဆိုင်ရာကိုလည်း Jackson ကိုယ်တိုင်ဖန်တီးထားတာလည်းဖြစ်ပါတယ်။ ပြောရရင်တော့ အသစ်ထွက်လာခဲ့တဲ့ “Alone” ဆိုတဲ့သီချင်းလေးဟာ Jackson ရဲ့ဘဝအကြောင်းကိုဖော်ဆောင်နေပါတော့တယ်။

Jackson ဟာ နားဆင်တဲ့သူတိုင်းကို အားပေးဖို့အတွက် Viedo လေးရဲ့အဆုံးသတ်မှာ အောင်မြင်ရရှိအောင်ကြိုးစားရင်းနဲ့စိန်ခေါ်မှုတွေကို အရှုံးမပေးဘဲ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ရင်ဆိုင်ကြဖို့ ကြည်နူးစရာကောင်းတဲ့ Message လေး ပြောပေးခဲ့ပါတယ်။ “ငါတို့ရဲ့လျှောက်လမ်းမှာ တခြားဘယ်သူကမှ အစားဝင်ပြီးလျှောက်လှမ်းပေးလို့မရဘူး။ တစ်ယောက်တည်းဖြစ်ပြီး အရာရာကိုဆုံးရှုံးသွားသလိုခံစားရတာမျိုးတွေလည်းရှိမယ်။

ရှေ့ဆက်လျှောက်လှမ်းဖို့ ဟန့်တားနေတဲ့ပြဿနာတွေအခက်အခဲတွေနဲ့ တွေ့ရလိမ့်မယ်။ အဓိကကကျွန်တော်တို့လက်မလျှော့ဖို့ပဲ။ တစ်ခုခုကိုမြတ်နိုးတန်ဖိုးထားမိပြီဆိုရင် ထိုအရာနဲ့ပတ်သက်သမျှအရာရာတိုင်းကိုအောင်မြင်အောင်ကြိုးစားဖို့ သင့်မှာတာဝန်ရှိပါတယ်” ဆိုပြီး အဆုံးသတ်မှာ ဖတ်ပြခဲ့ပါတော့တယ်။

Jackson နဲ့ အခြားအဖွဲ့ဝင်တိုင်းကလည်း ကိုယ်စီအနာဂတ်လမ်းမထက်မလျှောက်လှမ်းနေကြပြီဖြစ်ပြီး ပရိသတ်တွေကလည်း Jackson ရဲ့ စိတ်အားထက်သန်မှုတွေထည့်သွင်းရေးစပ်ထားတဲ့ သီချင်းသစ်လေးကို Motivation ရအောင် ခဏခဏနားထောင်ရင်း ဘဝခရီးလမ်းကိုအောင်မြင်အောင်လျှောက်လှမ်းနိုင်ကြပါစေနော်။

Source: SSP
Photos: TeamWang
Written: Nay Chi

Share