ပရိသတ်တွေလက်ခံထားကြတဲ့ ဆွဲဆောင်မှုပြင်းတဲ့ မင်းသမီးချော ၆ ယောက်

လူတိုင်းမှာ အလှကိုယ်စီရှိကြတယ်ဆိုတဲ့အတိုင်း ချစ်စရာကောင်းတဲ့သူတွေရှိသလို၊ လှပချောမောတဲ့သူတွေလည်းရှိပါတယ်။ ဆွဲဆောင်မှုရှိတယ်ဆိုတဲ့နေရာမှာတော့ တစ်ယောက်နဲ့တစ်ယောက်ခံယူထားပုံချင်းမတူညီကြပါဘူး။

လှပချောမောပြီးခန္ဓာကိုယ်အချိုးအစားပြေပြစ်တဲ့သူတွေကို ဆွဲဆောင်မှုရှိတယ်လို့လက်ခံထားကြတဲ့သူတွေရှိသလို၊ အရည်အချင်းအပြည့်နဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေကလည်း ဆွဲဆောင်မှုတစ်မျိုးရှိနေပါတယ်။ ဖော်ပြပေးမဲ့မင်းသမီး ၆ ယောက်ကတော့ ပရိသတ်တွေလက်ခံထားကြတဲ့ ဆွဲဆောင်မှုအပြင်းဆုံး မင်းသမီးတွေဖြစ်ကြပါတယ်။

Ju Jingyi

SNH48 အဖွဲ့ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်သူ Ju Jingyi ကတော့ The Legend of Yunxi ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ပြီးနောက်ပိုင်း နာမည်ရလာခဲ့သူလေးဖြစ်ပါတယ်။ A Class Of Her Own ဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကိုရရှိခဲ့ပြီး တည်ငြိမ်အေးဆေးတဲ့အကြည်ဓာတ်လေးရှိတာကြောင့်ပါ လူအများကိုဆွဲဆောင်ထားနိုင်ပါတယ်။

Yang Mi

ဇာတ်လမ်းပေါင်းများစွာရဲ့ဘုရင်မလို့တောင် တင်စားနိုင်တဲ့ Yang Mi ကတော့ သူမရဲ့ကျွမ်းကျင်တဲ့သရုပ်ဆောင်စွမ်းရည်ကြောင့် လူကြိုက်များသလို မွေးကတည်းက ကျက်သရေရှိတဲ့အလှပိုင်ရှင်လေးဖြစ်တာကြောင့်ပါ အများရဲ့အားကျခြင်းကို ရရှိထားသူပါ။ Yang Mi ကို အားပေးကြတဲ့သူတွေကတော့ Novoland: Pearl Eclipse နဲ့ She And Her Perfect Husband ဇာတ်လမ်းတွေကိုကြည့်ဖို့ စိတ်အားထက်သန်နေကြပါတယ်။

Zanilia Zhao

အနေအေးဆေးသူလေးဖြစ်တဲ့ Zhan Liying ကတော့ ပရိသတ်တွေအတွက် ဆွဲဆောင်မှုရှိနေတဲ့မင်းသမီ​းလေးတစ်​ယောက်ဖြစ်ပါတယ်။ Legend of Fei ဇာတ်လမ်းနဲ့ပရိသတ်တွေရှေ့မှောက်ကိုပြန်လည်ရောက်ရှိလာခဲ့ကာ အောင်မြင်မှုတွေသိမ်းပိုက်ခဲ့ပြီး နောက်ထပ်ထွက်လာမဲ့ The Story Of Xing Fu ကလည်း မထွက်လာသေးခင်ကတည်းက နာမည်ကြီးနေခဲ့ပါတယ်။

Yang Zi

Yang Zi ဟာတော့ အနုပညာလောကထဲမှာ စတင်ဝင်ရောက်ခဲ့တာ အချိန်ကြာနေပြီဖြစ်သလို အောင်မြင်မှုတွေကလည်း မနည်းမနောပါပဲ။ သရုပ်ဆောင်အရည်အချင်းပြည့်ဝသူလေးဖြစ်တာမို့လို့ အားပေးသူတွေကို အမြဲတစေဆွဲဆောင်ထားနိုင်သူလေးဖြစ်ပါတယ်။ Yang Zi ပါဝင်ထားတဲ့ The Oath of Love နဲ့ The Female Psychologist ဇာတ်လမ်းတွဲတွေကိုလည်း အားလုံးကမလွတ်တမ်းကြည့်ဖို့ အားခဲထားကြပါတယ်။

Victoria Song

Kpop အဖွဲ့ f(x) ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Victoria Song ကတော့ သရုပ်ဆောင်ပိုင်းတင်မကဘဲ အဆိုပိုင်းမှာလည်း ထူးချွန်နေတာကြောင့် နာမည်ကြီးသူလေးဖြစ်ပါတယ်။ Find Yourself ဇာတ်လမ်းတွဲနဲ့ ကြည့်ရှုသူတွေရဲ့အားပေးမှုကိုအများအပြားရရှိထားသူဖြစ်ပြီး ဇာတ်လမ်းသစ်တွေလည်းရိုက်ကူးနေသူဖြစ်ပါတယ်။

Dilraba Dilmurat

ဆွဲဆောင်မှုရှိတယ်ဆိုတဲ့စကားလုံးလေးကတော့ Dilireba လေးကိုဖော်ဆောင်တဲ့နေရာမှာ အမ​ျားအပြားသုံးကြပါတယ်။ ရုပ်ရည်လေးကလည်း အပြစ်ပြောစရာမရှိတဲ့အပြင် သရုပ်ဆောင်ရာမှာလည်း နာမည်ကြီးသူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့အာရုံကို မကြာခဏဖမ်းစားထားနိုင်သူလေးဖြစ်ပြီး အောင်မြင်မှုများစွာရရှိနေပါတယ်။

Source: HPTV
Photos: Twitter
Written: Nay Chi

Share