Luo Yun Xi နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက် (၅) ချက်

သရုပ်ဆောင်ကောင်းတဲ့ Luo Yun Xi ကတော့ Love is Sweet ဆိုတဲ့ အချစ်ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့အချစ်ကို တခဲနက်ရရှိထားပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိနေပေမဲ့လည်း လူငယ်လေးတစ်ယောက်လိုနုပျိုနေဆဲဖြစ်တဲ့ Yunxi ကတော့ ၂၀၁၈ တန်းကထွက်ခဲ့တဲ့ Ashes of Love မှာ ပါဝင်သရုပ်ဆောင်ခဲ့ကတည်းက လူအများရဲ့အာရုံစိုက်မှုကိုရရှိထားခဲ့တာပါ။ ပရိသတ်တွေအတွက် Yunxi ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက် ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Luo Yun Xi ရဲ့ ဖခင်ဟာ အကသင်ပေးတဲ့ဆရာတစ်ယောက်ဖြစ်တာမို့လို့ အနုပညာဖက်မှာပါရမီပါတဲ့ Yunxi ကို သတိထားမိပြီး ၅နှစ်ကတည်းက အကသင်ပေးခဲ့ပါတယ်။ ဖခင်ရဲ့ပံ့ပိုးမှုကြောင့်ပဲ ဘဲလေးအကသင်ခဲ့ပြီး ၁၁နှစ်ကြာလေ့လာသင်ယူခဲ့တာမို့လို့ ကျွမ်းကျင်အဆင့်အကသမားပဲဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ Shanghai Theater Academy မှာ ဘဲလေးကိုသွားရောက်သင်ယူခဲ့ပြီး ပြိုင်ပွဲပေါင်းများစွာယှဥ်ပြိုင်ရင်း ဆုတွေများစွာရရှိခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်မှာတော့ မွေးရပ်မြေကိုပြန်လာခဲ့ပြီး ဘဲလေးဆရာအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူငယ်ချင်းရဲ့ဆွာ်တရားကောင်းမှုကြောင့် ဆရာအလုပ်ကိုရပ်နားခဲ့ပြီး Trainee အဖြစ် စတင်ခဲ့ပါတယ်။

၂။ ၂၀၁၀ မှာတော့ Luo Yun Xi ဟာတော့ အဖွဲ့ဝင် ၃ယောက်ပါတဲ့ boy group JBOY3 နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ ၂၀၁၂ မှာ အဖွဲ့ဖျက်သိမ်းခဲ့ပေမဲ့လညလး Yun Xi ဟာ Fu Long Fei နဲ့အတူ JL (Double JL) ဆိုတဲ့အဖွဲ့ကို ထပ်ဖွဲ့စည်းခဲ့ပါတယ်။ တစ်နှစ်ကျော်ကြာအနုပညာအလုပ်တွေလုပ်ကိုင်ခဲ့ပြီးနောက် Double JL အဖွဲ့ဟာလည်း ဖျက်သိမ်းခဲ့ရပါတယ်။

၃။ သရုပ်ဆောင်ဖက်ကိုကူးပြောင်းလာခဲ့တဲ့ Luo Yun Xi ကတော့ The Spring of My Life ဆိုတဲ့အချစ်ဇာတ်ကားနဲ့ မင်းသားအဖြစ် ပွဲဦးထပ်ထွက်လာခဲ့ပါတယ်။ Tan Song Yun နဲ့တွဲဖက်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၅ မှာ ထွက်ရှိလာခဲ့ပါတယ်။ ပထမဆုံးရိုက်ကူးခဲ့တဲ့ဇာတ်လမ်းကတော့ Hello Alien ဖြစ်ပြီး ကြည့်ရှုသူတွေ စတင်သတိထားမိလာပါတယ်။

၄။ Love Is Sweet ရိုက်ကူးပြနောက် တရှိန်ထိုး နာမည်ကြီးလာခဲ့တာပါ။ ဇာတ်လမ်းတွဲက Ro ဆန်လွန်းဖြစ်တဲ့အပြင် အဓိကဇာတ်ဆောင်နှစ်​ယောက်ကလည်း ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Bai Lu ဟာ Luo Yun Xi ရဲ့ The Winner Is Love ဇာတ်လမ်းရိုက်ကူးမှုမှာ အားပေးပံ့ပိုးပေးခဲ့ပြီး နှစ်ယောက်အတူတူတွေ့ဆုံရင်း ဆိုင်တစ်ခုမှာ သွားရောက်စားသောက်ခဲ့တာကြောင့် တွဲနေပါတယ်ဆိုပြီး သတင်းတွေထွက်လာခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်တာကြောင့် ကောလဟာလတွေမထုတ်ဖို့ ကြေညာခဲ့ပါတယ်။

၅။ လူကြိုက်များလာတာနဲ့အမျှ Luo Yun Xi ဟာ ဇာတ်လမ်းသစ်တွေရိုက်ကူးနေရပြီး ပရိသတ်တွေကတော့ မထွက်ခင်ကတည်းက အင်တိုက်အားတိုက် အားပေးနေတဲ့ဇာတ်လမ်း ၂ ခုရှိနေပါတယ်။ Victoria Song နဲ့ရိုက်ကူးထားတဲ့ Broker ဇာတ်လမ်းအပြင် Chen Fei Yu နဲ့ရိုက်ကူးထားတဲ့ Bromance ဇာတ်လမ်း Immortality ကို အမျှောိကြီးမျှော်နေကြပါတယ်။ မထွက်ခင်ကတည်းကနာမည်ကြီးနေတဲ့ ဇာတ်လမ်းနှစ်ခုရဲ့အဓိကမင်းသား YunXi အတွက် အောင်မြင်မှုတစ်ရပ်ပါပဲ။

Source: HPTV
Photos: Weibo
Written: Nay Chi

Share