၂၀၂၀ မှာ အောင်မြင်မှုတခဲနက်ရရှိခဲ့တဲ့ တရုတ်နဲ့ ထိုင်ဝမ်နိုင်ငံသား တက်သစ်စမင်းသားချော (၁၂) ဦး

၂၀၂၀ အတွက် ဇာတ်လမ်းကောင်းများစွာထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ တက်သစ်စမင်းသားချော ၁၂ ဦးတိတိရှိပါတယ်။

Song Wei Long

Song Wei Long ကတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့အောင်မြင်လာတဲ့တက်သစ်စမင်းသားဖြစ်ပါတယ်။ “Go Ahead” ဇာတ်လမ်းကို ထုတ်လွှင့်ပြသပြီးတဲ့နောက် နိုင်ငံအနှံ့မှာ ပရိသတ်တွေရှိလာခဲ့ပြီး ၂၀၂၀ အတွက် နာမည်ကြီးမင်းသားစာရင်းဝင်ဖြစ်လာပါတယ်။

Ren Jia Lun

နောက်ထပ်လူသိများလာတဲ့တက်သစ်စမင်းသားကတော့ Ren Jia Lun (Allen Ren) ဖြစ်ပါတယ်။ ၂၀၂၀ အစောပိုင်းကထွက်ခဲ့တဲ့ “Under the Power” မှာ ဇာတ်ရုပ်ကိုအပီအပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့် လူအများကချီးမွမ်းခဲ့ကြပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး အကျွမ်းတဝင်မရှိတဲ့ table tennis ကစားသမားလေးကတော့ ယခုလို နာမည်ကြီးတက်သစ်စမင်းသားဖြစ်လာခဲ့ပါပြီ။

Greg Hsu

Taiwan ရဲ့ “National Boyfriend” လို့တင်စားရသူ Greg Hsu (Hsu Kuang Han) ကလည်း နာမည်ရမင်းသားတစ်လက်ဖြစ်လာပါတယ်။ “Someday or One Day” ဆိုတဲ့ဇာတ်လမ်းမှာ အဓိကမင်းသားအဖြစ်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း တဟုန်ထိုးနာမည်ကြီးလာခဲ့ပါတယ်။

Zhang Xin Cheng

“Go Ahead” ထဲက ဒုတိယအစ်ကိုအဖြစ် လူသိများတဲ့ Zhang Xin Cheng ကလည်း ၂၀၂၀ရဲ့ နာမည်ကြီးမင်းသားတစ်လက်ပါပဲ။ ဇာတ်လမ်းများစွာရိုက်ကူးခဲ့ပြီး “Skate Into Love” ကလည်း တော်တော်လူကြိုက်များခဲ့ပါတယ်။

Ding Yu Xi

Ding Yu Xi‘s (Ryan Ding) ကတော့ ၂၀၂၀ မှာပဲ လူသိများလာတဲ့မင်းသားဖြစ်လာခဲ့ပါတယ်။ “The Romance of Tiger and Rose” ဇာတ်လမ်းနဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။

Simon Lian

ထိုင်ဝမ်မင်းသားဖြစ်တဲ့ Simon Lian (Lian Chen Hsiang) ဟာ “Lost Romance” ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း နာမည်ကြီးလာခဲ့တဲ့တက်သစ်စမင်းသားတစ်ယောက်ဖြစ်ပြီး ကြည့်ရှုသူတွေကို Second Lead Syndrome ဖြစ်စေခဲ့သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

Cheng Yi

၂၀၂၀ အတွင်း နံပါတ် ၁ နေရာကို ရရှိသိမ်းပိုက်ထားနိုင်ခဲ့တဲ့ “Love and Redemption” ဇာတ်လမ်းရဲ့အဓိကမင်းသား Cheng Yi လည်း ပရိသတ်တွေကို အသည်းစွဲဖြစ်စေခဲ့ပြီး အားပေးမှုတွေအများအပြားရရှိထားပါတော့တယ်။

Luo Yun Xi

အနုပညာလောကထဲမှာခြေချခဲ့တာ အချိန်ကြာနေခဲ့ပြီဖြစ်တဲ့ Luo YunXi ကတော့ ဇာတ်လမ်းတွဲပေါင်းများစွာရိုက်ကူးဖူးသူဖြစ်ပြီး ၂၀၂၀ မှာတော့ “Love is Sweet” ဇာတ်လမ်းနဲ့ နိုင်ငံအနှံ့က ပရိသတ်တွေပါ ရရှိလာခဲ့ပါတယ်။

Gong Jun

မင်းသားချော Gong Jun (Simon Gong) ကတော့ ၂၀၂၀ အတွင်းမှာ “The Love Equations” နဲ့ “Begin Again” စတဲ့ ဇာတ်လမ်းတွဲ ၂ခုတွေနဲ့အတူ လူသိများကျော်ကြားလာခဲ့ပါတယ်။

Zhao Yi Qin

၂၀၂၀ အတွင်းမှာ ဇာတ်လမ်းတွဲ ၄ ခုထွက်ခဲ့တဲ့ Zhao Yi Qin ကတော့ နာမည်ကြီးလာခဲ့တာ မထူးဆန်းတော့ပါဘူး။ “Fake Princess”, “My Girl”, “Love Story of Court Enemies” နဲ့ “Consummation” ဇာတ်လမ်းတွေနဲ့အတူ ပရိသတ်တွေကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Patrick Shih

တောင်ကိုရီးယားမင်းသားချော Park Seo Joon နဲ့ ဆင်လိုက်တာဆိုပြီး လူပြောများတဲ့ Taiwan သရုပ်ဆောင် Patrick Shih (Shih Po Yu) ကလည်းပဲ “Someday or One Day” ဇာတ်လမ်းမှာ အကောင်းမွန်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် နာမည်ကြီးတက်သစ်စမင်းသားဖြစ်လာခဲ့ပါတယ်။

Aaron Deng

သရုပ်ဆောင်အဖြစ် ပထမဆုံးအကြိမ်ပွဲဦးထွက်တဲ့နှစ်မှာပဲ အောင်မြင်မှုတခမ်းတနားရရှိခဲ့တဲ့ တက်သစ်စမင်းသားကတော့ Deng Chao Yuan (Aaron Deng) ပဲဖြစ်ပါတယ်။ “Professional Single” ဇာတ်လမ်းထဲက သူ့ရဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေအများအပြား ကြွေကျနှစ်သက်ကုန်ကြပါတော့တယ်။

Source: Soompi
Photos: Twitter
Written: Nay Chi

Share