ဇာတ်လမ်းကြည့်ပရိသတ်ကြီးတို့အတွက် နေ့စဥ်ရက်ဆက်ဖြစ်ပေါ်နေတဲ့ Surprise များစွာကို ကြုံတွေ့ခံစားနေရလိမ့်မယ်လို့ထင်ပါတယ်။ ကြည့်ဖို့စောင့်နေခဲ့တာ အချိန်အတော်ကြာပြီဖြစ်တဲ့ “Douluo Continent” ဟာ ဆိုရင် ဇာတ်လမ်းတွဲသစ်အဖြစ် ပရိသတ်တို့ဆီကို ရောက်ရှိလာခဲ့ပါပြီဖြစ်ပါတယ်။
Xiao Zhan နဲ့ Wu Xuanyi တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ “Douluo Continent” ဇာတ်လမ်းတွဲဟာ ထွက်ရှိဖို့အချိန်တော်ကြာစောင့်မျှော်နေခဲ့ရတာဖြစ်ပြီး ၂၀၂၁ ဇန်နဝါရီလနောက်ဆုံးပတ်မှာ ထွက်လာမယ်လို့ သတင်းတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်နေကြပေမဲ့ ထွက်လာခဲ့ခြင်းမရှိသေးတာကြောင့် စိတ်ရှည်စွာနဲ့ စောင့်ခဲ့ကြရတာပါ။
၂၀၂၁ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ နောက်ထပ် Trailer အသစ်နဲ့အတူ ဇာတ်လမ်းပါဓာတ်ပုံများကို CCTV8 မှ ထုတ်ပေးခဲ့ပြီး ၅ ရက်နေ့ နေ့လည်ပိုင်းမှာ CCTV8 နဲ့ Tencent ကနေ စတင်ပြသခဲ့နေပြီဖြစ်ပါတယ်။ Livestream ပြသနေစဥ်မှာပဲ ကြည့်ရှူသူ 1 Million ကျော်ခဲ့တာကြောင့် စံချိန်တင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေဟာ ဘယ်လောက်တောင်မျှော်နေခဲ့သလဲဆိုတာ သက်သေပါပဲ။
Trailer နဲ့အတူ ပြသခွင့်လိုင်စင်ရရှိခဲ့တာ အတော်ကြာပေမဲ့ တကယ်တမ်း ပရိသတ်တွေဆီကို ရောက်ရှိလာခဲ့တာ အချိန်တစ်ခုတော့ ကြာမြင့်ခဲ့ပါတယ်။ Surprise များစွာထဲမှ နောက်ဆုံးရရှိတဲ့ Surprise ကတော့ ပရိသတ်တွေအတွက် ဝမ်းသာစရာဖြစ်ပြီး Xiao Zhan နဲ့ Wu Xuanyi တို့ရဲ့ “Douluo Continent” ဇာတ်လမ်းသစ်ကို ကျေနပ်စွာစောင့်ကြည့်အားပေးကြရအောင်။
Source: SDC
Photos: Twitter
Written: Nay Chi