မြန်မာပရိသတ်တွေအတွက် အားပေးစကားပြောလိုက်ပြန်တဲ့ Yesung ( Super Junior)

မြန်မာနိုင်ငံဟာ လက်ရှိမှာတော့ ဆိုးဝါးလှတဲ့ အရေးတွေကို ကြုံတွေ့နေရပီး မြန်မာပြည်သားအပေါင်းဟာ အတူတကွ တိုက်ပွဲဝင်နေကြတာပါ။ နိုင်ငံတကာကိုလည်း မြန်မာပြည်တွင်းက အဖြစ်အပျက်တွေကို အမှန်တရားအတိုင်းသိအောင် ကြိုးစားနေကြပါတယ်။ ခုလိုမြန်မာနိုင်ငံရဲ့ ကြုံတွေနေရတဲ့ အဖြစ်အပျက်တွေကို Super Junior အဖွဲ့မှ Yesung လည်း သိသွားခဲ့ပါပီ။

Yesung ကတော့ သိသွားရုံသာမကပဲ သူ့ရဲ့ Facebook နဲ့ Twitter မှတစ်ဆင့် မြန်မာပရိသတ်တွေကို အားပေးစကားပါ ပြောခဲ့ပါတယ်။ “မြန်မာ ELF အားတင်းထားပါ” လို့ ကိုရီးယားဘာသာနဲ့ ရေးသားခဲ့တာပါ။ ဒါ့အပြင် ကိုရီးယားဘာသာနဲ့သာမက မြန်မာဘာသာနဲ့ပါ အားပေးခဲ့ပါသေးတယ်။ “စိတ် (အား) တင်းထားပါ” တဲ့။ တကယ်ကို ချစ်စရာကောင်းတဲ့ Idol ပါပဲ။ မြန်မာ ပရိတ်သတ်တွေလည်း အားအင်တွေရကြလိမ့်မယ်လို့ ထင်ပါတယ်။

ခုလို မြန်မာဘာသာနဲ့ Yesung ရေးသားဖော်ပြခဲ့ခြင်းဟာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ မြန်မာ ELF တို့ “Time City” ရဲ့ အဆောက်အအုံ LED မှာ Super Junior အဖွဲ့အတွက် ကိုယ်ပိုင် Project လုပ်ပေးခဲ့တုန်းကလည်း Yesung ဟာ သူ့ရဲ့ Facebook, Instagram, Twitter တို့မှ တဆင့် မြန်မာဘာသာနဲ့ “ကျေးဇူးတင်ပါတယ်” လို့ ရေးသားဖော်ပြခဲ့ဖူးပါသေးတယ်။

Source: Yesung SNS
Photo: Yesung SNS
Written: Gyi Gyi

Share