Valentine’s Day နေ့မှာ ပျော်ရွှင်စရာအချိန်တွေကို ပိုင်ဆိုင်ခဲ့ကြတဲ့ ထိုင်းအနုပညာရှင်စုံတွဲများ

Valentine’s Day ဆိုတာကတော့ ချစ်သူတွေအတွက် အထူးနေ့ရက်တစ်ရက်ပါပဲ။ ကိုယ်ချစ်ရတဲ့သူကို မြတ်နိုးတန်ဖိုးထားတဲ့အကြောင်း ပေါ်ပေါ်လွင်လွင်ပြသလို့ရတဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်။ ချစ်သူစုံတွဲတွေကတော့ ချစ်သူများနေ့မှာ ကိုယ်စီမြတ်နိုးတန်ဖိုးထားမှုတွေကိုပြသခဲ့သလို ဖော်ပြပေးမဲ့ထိုင်းအနုပညာရှင်စုံတွဲတွေကလည်း Valentine’s Day နေ့မှာ ကြည်နူးစရာအချိန်လေးတွေကိုပိုင်ဆိုင်ခဲ့ကြပါတယ်။

Nadech Kugimiya & Yaya Urassaya

February 14 ရက်နေ့မှာတော့ Yaya Urassaya ဟာ သူမရဲ့ချစ်ရသူ Nadech Kugimiya နဲ့ပုံလေးကို Instagram မှာ တင်ပေးခဲ့ပါတယ်။ လူတိုင်းလောက်ကအားကျရတဲ့စုံတွဲလေးဖြစ်တဲ့အတိုင်း Nadech နဲ့ Yaya တို့ ဘယ်လောက်တောင်ကြည်နူးပျော်ရွှင်နေရသလဲဆိုတာကိုတော့ ဓာတ်ပုံလေးက သက်သေခံနေပါတော့တယ်။

Pupaa Taechanarong & Mint Chalida

Mint Chalida ကတော့ သူမရဲ့ချစ်သူ Pupaa Taechanarong နဲ့အတူ တွဲရိုက်ထားတဲ့ပုံလေးတွေကို Instagram မှာ အများကြီးတင်ပေးခဲ့ပါတယ်။ ပုံထဲမှာဆိုရင် နှစ်ယောက်စလုံးက ကြည်နူးပျော်ရွှင်နေတဲ့အပြုံးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့နေ့တစ်နေ့ကို အတူဖြတ်သန်းကြပါတော့တယ်။

Weir Sukollawat & Bella Ranee

Weir နဲ့ Bella တို့အတွဲကတော့ Iceland ကို နှစ်ယောက်အတူသွားတုန်းက short viedo လေးကို တင်ပေးခဲ့ပါတယ်။ ချစ်သူသက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ဒီအနုပညာရှင်စုံတွဲလေးအတွက်လည်း ချစ်သူများနေ့ဟာ အထူးအမြတ်နေ့တစ်နေ့ဖြစ်နေမှာပါ။

God Itthipat & Richy Oranate

မကြာသေးခင်ကမှ အချစ်ခရီးစတင်ခဲ့ကြတဲ့ အနုပညာရှင်စုံတွဲ God Itthipat နဲ့ Richy Oranate ကတော့ လူငယ်ဆန်ဆန်ပဲ ချစ်သူများနေ့ကိုဖြတ်သန်းခဲ့ကြပါတယ်။ အချစ်တွေကလက်ဆတ်နေဆဲကာလမို့လို့ Valentine’s Day မှာတောင် ကြည်နူးပျော်ရွှင်နေပါတော့တယ်။

Mark Prin & Kimmy Kimberley

Valentine’s Day ကတော့ Mark Prin နဲ့ Kimmy Kimberley တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့နောက်ထပ်နေ့ရက်တစ်ရက်ပါပဲ။ အချစ်တွေကိုနေ့တိုင်းလောက်ပြသတတ်တဲ့ ဒီစုံတွဲလေးကတော့ ချစ်သူများနေ့မှာလည်း အချိန်ကောင်းလေးတွေကို ပိုင်ဆိုင်ခဲ့ကြပါတယ်။

Hi-So Oat & Min Pechaya

မင်းသမီး​ချော Min Pechaya ကတော့ သူမရဲ့ချစ်သူ Hi-So Oat နဲ့အတူ ချစ်သူများနေ့ကိုဖြတ်သန်းခဲ့ပါတယ်။ အမှတ်တရလက်ဆောင်အဖြစ် မိန်းကလေးတိုင်းသဘောကျတဲ့ ပန်းစည်းအကြီးကြီးကို Min တစ်ယောက်ရရှိခဲ့ပြီး အချစ်တွေဟာတိုးပွားနေပုံပါပဲ။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share