နာမည်ကြီး Idol မဖြစ်ခင် Trainee ဘဝကတည်းက သွေးသားအရင်းတွေလိုသံယောဇဥ်ရှိကြတဲ့ BTS အဖွဲ့ကတော့ ယခုအချိန်မှာ အတိတ်နဲ့ပစ္စုပ္ပန်ကာလအတွက် ကွာခြားမှုတွေရှိနေခဲ့ပါတယ်။ မကြာသေးခင်ကမှ live broadcast လွှင့်ပြီး မွေးနေ့ပွဲကျင်းပခဲ့တဲ့ J-Hope ဟာ BTS အဖွဲ့ရဲ့မွေးနေ့ပွဲကျင်းပပုံနဲ့ပတ်သက်ပြီး မတူတော့တဲ့အကြောင်းပြောပြခဲ့ပါတယ်။
J-Hope က “အခုချိန်မှာတော့ မွေးနေ့နဲ့ပတ်သက်လာရင် အရင်ကနဲ့မတူတော့ပါဘူး။ အရင်တုန်းက Member တစ်ယောက်ရဲ့မွေးနေ့ရောက်ပြီဆိုတာနဲ့ ဟိုဟိုဒီဒီပြင်ဆင်စရာရှိတာကိုပြင်ဆင်ကြပြီး အတူတူဆင်နွှဲကြပါတယ်။ အခုက အဲ့လိုမဟုတ်တော့ပါဘူး။
သိတာလည်းတော်တော်ကြီးကြာနေပြီဆိုတော့ မွေးနေ့ပွဲအတွက်ဆိုပြီး အထူးတလည်မပြင်ဆင်တော့ဘူးလေ။ ကျွန်တော့်အတွက်ကတော့ ဖုန်းဆက်ပြီးမွေးနေ့ဆုတောင်းပေးတာဖြစ်ဖြစ်၊ စာပို့တာဖြစ်ဖြစ် ကျေနပ်စရာကောင်းတဲ့မွေးနေ့လက်ဆောင်ဖြစ်ပါတယ်။
မွေးနေ့လက်ဆောင်ပေးတယ်ဆိုတာက ကိုယ့်ရဲ့နှလုံးသားခံစားချက်ကိုလှစ်ဟပြလိုက်သလိုပါပဲ။ ဒါကြောင့်မို့လို့ ဒီနှစ်မှာကျရောက်လာမဲ့ Member တွေရဲ့မွေးနေ့အတွက် မွေးနေ့လက်ဆောင်တွေဝယ်ပေးပါဦးမယ်”ဆိုပြီး အရိုးသားဆုံးပြောသွားခဲ့ပါတယ်။
BTS အဖွဲ့ကတော့ နာမည်ကြီးလာတာနဲ့အမျှ တစ်ယောက်ချင်းစီမှာလည်း များပြားလှတဲ့ schedule တွေရှိနေပါမှာပါပဲ။ မအားလပ်အောင်ဖြစ်နေပါစေ.. အဖွဲ့ဝင် ၇ယောက်စလုံးဟာ တကယ့်ညီအစ်ကိုအရင်းတွေလိုပဲ နှလုံးသားချင်းနီးစပ်နေဦးမှာကတော့ ကျိန်းသေပါတယ်။
Source: Koreaboo
Photos: Twitter
Written: Nay Chi