ပေးထားခဲ့တဲ့ကတိအတိုင်း ပရိသတ်တွေကို ပျော်ရွှင်စေနိုင်ခဲ့တဲ့ GOT7 အဖွဲ့

GOT7 အဖွဲ့ကတော့ JYPE ENTERTAINMENT နဲ့ လက်တွဲဖြုတ်ပြီးတဲ့နောက် အနုပညာလှုပ်ရှားမှုတွေကို တစ်ယောက်ချင်းစီ စတင်လုပ်ကိုင်ခဲ့ကြပါတယ်။ သူတို့အဖွဲ့ကိုကြိုက်နှစ်သက်သူတွေ..အထူးသဖြင့် အမာခံအားပေးသူတွေဖြစ်တဲ့ Ahgases လေးတွေကို Entertainment ကနေ ထွက်ခွဲခဲ့ပေမဲ့လည်း GOT7 အဖွဲ့အဖြစ် အနုပညာအလုပ်တွေ လုပ်ဆောင်သွားမဲ့အကြောင်း ကတိပေးခဲ့ကြပါတယ်။

ယခုတော့ ပေးထားတဲ့ကတိကို ဖြည့်ဆည်းပေးရင်း အားပေးသူတွေကို Surprise လုပ်ခဲ့ပါပြီ။ February 19 ရက်နေ့ ညပိုင်းအချိန်လောက်မှာတော့ GOT7 အဖွဲ့ဟာ သူတို့အဖွဲ့ရဲ့ YouTube Channel အသစ်မှာပဲ ပထမဆုံးသော သီချင်း “ENCORE” ကို တင်ပေးရင်း ပရိသတ်တွေထံ ပြန်လာခဲ့ပါတယ်။

Black-and-white MV teaser ဖြစ်ပြီး ထို viedo လေးထဲမှာ​တော့ GOT7 တစ်ဖွဲ့လုံးကို အတူတူပြန်တွေ့ရတာမို့လို့ အဖိုးတန်တဲ့အခိုက်အတန့်လေးပါပဲ။ “ENCORE” သီချင်းလေးကတော့ February 20 ရက်နေ့မှာ ထွက်ရှိခဲ့ပြီး ၇ယောက်စလုံးကို လွမ်းနေသူတွေအဖို့ ကြည့်ရင်းနဲ့ကြည်နူးကာ မျက်ရည်ဝဲဦးတော့မှာပါ။

၂၀၂၁ January လမှာပဲ GOT7 အဖွဲ့ဟာ JYP Entertainment နဲ့ စာချုပ်အသစ်ထပ်မံချုပ်ဆိုခြင်းမလုပ်တော့ဘဲ လက်တွဲဖြုတ်ခဲ့ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ နှစ်အစောပိုင်းမှာပဲ ဝမ်းနည်းစရာသတင်းဖြစ်ပေမဲ့ GOT7 အဖွဲ့ကတော့ အဖွဲ့ကွဲသွားတာမဟုတ်ဘဲ ပရိသတ်တွေနဲ့အတူ အမြဲရှိနေမဲ့အကြောင်း နှစ်သိမ်းကတိပေးခဲ့ကြတာပါ။

လက်တလော GOT7 အဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကတော့ Youngjae ဟာ Sublime Artist Agency နဲ့ လက်တွဲထားသလို Jackson ရဲ့ TEAM WANG ကလည်းပဲ စီးပွားရေးတွဲဖက်တွေအဖြစ် SAA နဲ့ ပေါင်းစည်းထားပါတယ်။

Mark ကတော့ Sanjoy နဲ့အတူ သီချင်းသစ်တစ်ပုဒ်ထုတ်ပေးခဲ့ပြီး သူ့ရဲ့မွေးရပ်မြေ Los Angeles ကို ပြန်သွားခဲ့ပြီဖြစ်ပါတယ်။ Jinyoung က BH Entertainment နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အဖွဲ့ခေါင်းဆောင် JB ကလည်း social media accounts သစ်ကို စတင်သုံးစွဲခဲ့တာပါ။

Yugyeom ကတော့ AOMG နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အနုပညာအလုပ်တွေလုပ်ကိုင်ဖို့ စတင်နေခဲ့ပြီဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ကိုယ်စီလျှောက်လှမ်းနေကြပေမဲ့လည်း ပရိသတ်တွေအတွက် GOT7 အဖွဲ့အနေနဲ့ ကတိတည်ပေးခဲ့တာမို့လို့ သီချင်းသစ်ကို နားဆင်အားပေးရပါဦးမယ်။

Source: Soompi
Photos: Naver
Written: Nay Chi

Share