Youngjae တစ်ယောက် JYP နဲ့ စာချုပ်သက်တမ်းပြည့်ချိန်မှာ Park Jin Young က သူ့ကို ဘာတွေပြောခဲ့လဲ…

၂၀၂၁ ခုနှစ်အစမှာ JYP Entertainment က GOT7 အဖွဲ့ဝင်အားလုံးဟာ သူတို့အေဂျင်စီနဲ့ စာချုပ်အသစ် ထပ်မံချုပ်ဆိုတော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ GOT7 အဖွဲ့ဝင် Youngjae ဟာ မကြာသေးခင်ကပဲ VIXX အဖွဲ့ဝင် Ravi ရဲ့ Question Mark ဆိုတဲ့ ရေဒီယိုရှိုးမှာ ပါဝင်ခဲ့ပြီး JYP Entertainment နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားချိန်မှာ JYP ရဲ့ CEO ဖြစ်တဲ့ Park Jin Young က သူ့ကို ဘာတွေပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ထိုရှိုးမှာ Ravi က Youngjae ကို “အခု JYP Entertainment နဲ့ စာချုပ်သက်တမ်းပြည့်သွားပြီဆိုတော့ ဒါနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများကြီး ရှိလိမ့်မယ်လို့ ထင်တယ်။ ပရိုဂျူဆာ Park Jin Young က ဘာတွေပြောခဲ့သေးလဲ?” လို့ မေးခဲ့ပါတယ်။

Youngjae က သူစာချုပ်သက်တမ်းပြည့်ချိန်မှာ Park Jin Young က အဆိုတော်/မင်းသား Rain နဲ့ အတူတွဲလုပ်တဲ့ သီချင်းပရောဂျက်အတွက် အရမ်းအလုပ်ရှုပ်နေခဲ့ပါတယ်။ အလုပ်မအားတဲ့ကြားထဲက Park Jin Young က သူ့ဆီကို အကြိမ်ပေါင်းများစွာ message တွေ ပို့ခဲ့ပြီး ဆက်သွယ်ခဲ့ပါတယ်။ Park Jin Young က သူဘာပဲလုပ်လုပ် အားပေးနေမယ့်အကြောင်း၊ အကယ်လို့ အခက်အခဲ တစ်စုံတစ်ရာရှိရင်လည်း သူ့ကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး အတူတူ ဖြေရှင်းကြမယ်လို့ ပြောခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။

ထိုအခါ Ravi က Youngjae ကို “တော်တော်လေးကို ရင်ထဲထိသွားမှာပဲနော်” လို့ ပြောခဲ့ပြီး Youngjae က သူဟာ Park Jin Young ဆီက ဒီလို message မျိုးကို တစ်ခါမှ မရဖူးတဲ့အတွက် အရမ်းကို ရင်ထဲထိပြီး ဝမ်းသာကြောင်း ပြောပြခဲ့ပါတယ်။ ထိုရေဒီယိုရှိုး အစအဆုံးကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Source : Koreaboo
Photo : Twitter
Written : ZL

Share