မြန်မာပရိသတ်တွေအတွက် အားပေးစကားပြောပေးခဲ့တဲ့ Bobby (iKON)

Bobby ကတော့ Lucky Man ဆိုတဲ့ solo album နဲ့ January 25 မှာ တကိုယ်တော် comeback လုပ်ခဲ့ပါတယ်။ ပရိသတ်တွေအတွက်လည်း fansign event ကို online ကနေ တဆင့်ပြုလုပ်ပေးခဲ့ပါတယ်။ မြန်မာပရိသတ်တွေထဲက fansign event try ခဲ့တဲ့ ကောင်မလေးတစ်ယောက်ကတော့ bobby နဲ့ video call ပြောခွင့်ရခဲ့ပါတယ်။

Lucky Fan girl လေးက မြန်မာပရိသတ်တွေအတွက် စကားလေးတခွန်းပြောပေးပါလို့ တောင်းဆိုတော့ Bobby က ခုလိုအားပေးစကားပြောခဲ့ပါတယ်။ “Myanmar က ခုတလောအရမ်းပင်ပန်းနေကြတာ ..သေချာပေါက်သွားတွေ့ချင်ပါတယ်.. အားတင်းထားကြပါနော်” Bobby လည်း မြန်မာမှာ ခုဖြစ်ပျက်နေတဲ့အရေးတွေကို သိနေပုံပါဘဲ။

ကိုယ်ချစ်ခင်အားပေးရတဲ့ idol ရဲ့ ခုလို အားပေးစကားပြောခဲ့တဲ့အတွက် ပရိသတ်တွေလည်း သေချာပေါက် ခွန်အားတွေတက်လာတာ အမှန်ပါဘဲ။ မြန်မာပရိတ်သတ်တွေ အားလုံးရဲ့ကိုယ်စား မေးပေးခဲ့တဲ့ lucky fan girl လေးကိုလည်း ကျေးဇူးတင်မိပါတယ်။

Source: ONE and ONLY iKON
Written: Violet

Share