တစ်နှစ်လောက် တိုးတိုးတိတ်တိတ်တွဲနေတဲ့ Idol Couple ကို ဖော်ထုတ်လိုက်တဲ့ Dispatch

အနုပညာရှင်တွေရဲ့အချစ်ရေးကို စုံစမ်းဖော်ထုတ်တဲ့နေရာမှာ ဆရာကြီးဖြစ်တဲ့ Dispatch ကတော့ နောက်ထပ် Idol couple ကို ချပြလိုက်ပါပြီ။ BLACKPINK အဖွဲ့ရဲ့ Jennie နဲ့ BIG BANG ရဲ့ G-Dragon တို့ကတော့ အချစ်ခရီးကို အတူတူလျှောက်လှမ်းနေခဲ့တာတစ်နှစ်ကျော်လောက်ရှိပြီဖြစ်ကြောင်းကို သက်သေတွေနဲ့တကွ ဖော်ထုတ်ခဲ့ပါတော့တယ်။ ၂၀၂၁ အတွက်တော့ ပထမဆုံးသော K-Pop celebrity couple ပဲ ဖြစ်ပါတယ်။

Dispatch ရဲ့ ဖော်ပြချက်တွေအရ Jennie နဲ့ G-Dragon ဟာတော့ တိုးတိုးတိတ်တိတ်ချိန်းတွေ့နေခဲ့ကြတာဖြစ်ပြီး တွဲနေကြတာတစ်နှစ်လောက်ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်။ 2012 တုန်းကထွက်ခဲ့တဲ့ G-Dragon ရဲ့ သီချင်း “That XX” မှာ Jennie က ပါဝင်အားဖြည့်ခဲ့ဖူးပြီး 2013 မှာတော့ G-Dragon ရဲ့ ဒုတိယမြောက် solo album title track ဖြစ်တဲ့ “BLACK” မှာလည်း featuring အဖြစ် ပါဝင်သီဆိုပေးခဲ့ဖူးပါတယ်။

ထိုအချိန်နောက်ပိုင်း ၈နှစ်ကြာပြီးမှ​ာတော့ GD နဲ့ Jennie တို့ရဲ့ဆက်ဆံရေးဟာ Senior-Junior ဆက်ဆံရေးထက်ပိုလာခဲ့ကြောင်း Dispatch က ရိပ်မိလာခဲ့တာပါ။ ဒါ့ကြောင့်ပဲ ရှာဖွေစုံစမ်းမှုတွေလုပ်ခဲ့ပြီးနောက် နာမည်ကြီးအဆိုတော်နှစ်ယောက်ဟာ လျှို့ဝှက်စွာချိန်းတွေ့နေခဲ့ကြောင်း တွေ့ရှိခဲ့ပါတော့တယ်။ Hannam-dong မှာရှိတဲ့ GD ရဲ့ ဇိမ်ခံ Villa မှာတော့ မကြာခဏချိန်းတွေ့ကြောင်းဖော်ထုတ်ခဲ့တာပါ။

ပထမဆုံးအနေနဲ့ G-Dragon ရဲ့ penthouse ဟာ လုံခြုံရေးမြင့်မားပြီး အပြင်ကနေလည်း လှမ်းပြီးမြင်တွေ့နိုင်တာမျိုးမရှိတာကြောင့် နှစ်ယောက်အတွက် စိုးရိမ်စရာမလိုတဲ့ သီးသန့်တွေ့ဆုံတဲ့နေရာလေးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ G-Dragon ရဲ့ villa မှာ လုံခြုံရေးမြင့်တဲ့ ကားထားရှိရာနေရာမှာတော့ Jennie ရဲ့ကားဟာ စာရင်းသွင်းထားပြီးသားဖြစ်ပြီး Jennie ကတော့ သက်သေအထောက်အထားအစစ်အဆေးမရှိဘဲ အရှေ့ပေါက်ကနေ ဝင်ထွက်လို့ရကြောင်း Dispatch ကဖော်ပြခဲ့ပါတယ်။

Dispatch ရဲ့ ဖော်ပြချက်တွေအရ Jennie ရဲ့ နေ့စဥ်အချိန်စာရင်းထဲမှာတော့ တစ်နေ့တာ လုပ်စရာတွေပြီးသွားရင် GD အိမ်ကို သွားဖို့ပါအချိန်ဆွဲထားတယ်လို့ဆိုပါတယ်။ G-Dragon နဲ့ Jennie တို့ရဲ့အချစ်ရေးကတော့ YG Entertainment ထဲမှာ လူသိများပေမဲ့ အပြင်ကိုသတင်းမပေါက်ကြားအောင် ဖုံးဖိထားတဲ့လျှို့ဝှက်ချက်ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။

Jennie ရဲ့ မန်နေဂျာက G-Dragon ရဲ့ အိမ်ကို အပို့အကြိုလုပ်ရပြီး တစ်ခါတစ်လေမှာတော့ G-Dragon ရဲ့ မန်နေဂျာက ကိုယ်စားလုပ်ပေးပါတယ်တဲ့။ January 31 ရက်နေ့ ..BLACKPINK အဖွဲ့ရဲ့ online concert ဖြစ်တဲ့ “THE SHOW” ပြုလုပ်တဲ့နေ့မှာတော့ Jennie ဟာ G-Dragon ရဲ့ အိမ်ကနေ concert ပြုလုပ်မဲ့အဆောက်အဦဆီကို တိုက်ရိုက်လာခဲ့တယ်ဆိုပြီး Dispatch က ဖော်ထုတ်ခဲ့ပါ​တော့တယ်။

G-Dragon ရဲ့ ကားကိုလည်း ထိုအဆောက်အဦနားမှာ တွေ့ခဲ့ပါသေးတယ်တဲ့။ နာမည်ကြီးအဆိုတော်နှစ်ယောက်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ကတော့ “ YG မှာရှိတဲ့ လူတော်တော်များများ သူတို့နှစ်ယောက်တွဲနေတဲ့အကြောင်း ရိပ်မိပြီးသားပါ။ Jennie ရဲ့အမေကလည်း သူတို့တွဲနေတာကို သတိထားမိပြီး GD က Jennie လေးကို အထူးတလည်ဂရုစိုက်ပေးလို့ ကျေးဇူးတင်နေပါတယ်” ဆိုပြီး Dispatch ကို ပြောပြခဲ့ပါတော့တယ်။

YG Entertainment ကတော့ “ ကျွန်တော်တို့အနုပညာရှင်နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝအချစ်ရေးနဲ့ပတ်သက်ပြီး အတည်ပြုပေးဖို့ကတော့ မလွယ်ကူလှပါဘူး။ အားလုံးပဲနားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်” ဆိုပြီး ထုတ်ပြန်ထားခဲ့ပါတယ်။

၂၀၂၁ အတွက် အသစ်စက်စက် Idol Couple ကတော့ Kpop လောကရဲ့ ဒိတ်ဒိတ်ကြဲနှစ်ယောက်ဖြစ်တဲ့ G-Dragon နဲ့ Jennie လေးတို့ဖြစ်ကြောင်း Dispatch က ဖော်ထုတ်လိုက်ပါပြီ။ ရေရှည်လက်တွဲနိုင်ပြီး ပျော်ရွှင်တဲ့ခရီးကို အတူတူလျှောက်လှမ်းနိုင်ဖို့ ဆုတောင်းလိုက်ပါတယ်။

Source: Soompi
Photos: Dispatch
Written: Nay Chi

Share