ဒဏ်ရာရလို့ ၁၂ ချက် ချုပ်ပြီးတာ​တောင် Gym ကိုရ​​အောင် သွားခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး Kim So Yeon

လက်ရှိ SBS ရုပ်သံလိုင်းရဲ့ နာမည်ကြီး drama Penthouse မှာ ပါဝင်သရုပ်​ဆောင်ထားတဲ့ မင်းသမီး Kim So Yeon ဟာ မကြာ​သေးခင်ကပဲ သူမရဲ့ လုပ်​ဖော်ကိုင်ဖက် မင်းသမီးများဖြစ်ကြတဲ့ Eugene နဲ့ Lee Jia တို့နှင့်အတူ “Master In The House” အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။

ထိုအစီအစဉ်မှာ သူမဟာ ဇာတ်ကားရိုက်ကူးရင်း ဒဏ်ရာရရှိပြီး​နောက် Gym ကို သွား​ရောက်ခဲ့​ကြောင်း ထုတ်​ဖော်​ပြောကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်က​တော့ ၂၀၀၉ ခုနှစ်က KBS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ Iris ဇာတ်ကားထဲမှာ ​မြောက်ကိုရီးယား ​အေးဂျင့်အဖြစ်နဲ့ ပါဝင်သရုပ်​ဆောင်ခဲ့တုန်းက ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မင်းသမီး Kim So Yeon က “​လူနာတင်ကားထဲမှာ သတ်ပုတ်ရတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတစ်ခုရှိတယ်။ အဲ့ဇာတ်ဝင်ခန်း ရိုက်ပြီး​နောက် ကျွန်မ ၁၂ ချက်ချုပ်လိုက်ရတယ် (ဒဏ်ရာရရှိတဲ့​နေရာကို​တော့ ​မ​ပြောပါ)” လို့ ​ပြောပြခဲ့ပါတယ်။ ပိုပြီး အံ့သြဖို့​ကောင်းတာက​တော့ သူမဟာ ​ဆေးရုံက ပြန်လာပြီး​နောက် Gym ကို သွားခဲ့တယ်ဆိုတာပါပဲ။

သူမရဲ့ ကာရိုက်တာက အက်ရှင်ဇာတ်ဝင်ခန်း​တွေ အများကြီး ပါဝင်ပြီး ကြည့်ရှုသူ​တွေရဲ့ အာရုံစူးစိုက်မှုနဲ့ ဇာတ်ကားရဲ့ အရှိန်ကို မပြတ်​စေချင်တာ​ကြောင့် ဒဏ်ရာရတာ​တောင် Gym ကို သွားခဲ့တာ ဖြစ်တယ်လို့ ​ပြောကြားခဲ့ပါတယ်။ အဲ့တုန်းက ခက်ခက်ခဲခဲနဲ့ ရ​အောင်လုပ်ထားတဲ့ ကြွက်သား​တွေ ခုချိန်မှာ မရှိ​တော့တာ​ကြောင့် ဝမ်းနည်း​ကြောင်းလည်း ​ဖွင့်ဟခဲ့ပါ​သေးတယ်။

ဒါ့အပြင် ၂၀၀၀ ခုနှစ်က MBC ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ All About Eve ဇာတ်ကားမှာ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်သရုပ်​ဆောင်ဖို့အတွက်လည်း တကယ့် အစီအစဉ်တင်ဆက်သူ​တွေ တက်ကြတဲ့ သင်တန်းကို တက်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့အချိန်တုန်းက ဇာတ်ညွှန်းစာသား​တွေ အပြည့်ချ​ရေးထားတဲ့ မှတ်စုစာအုပ်​တွေ အများကြီး ကျွန်မမှာ ရှိခဲ့တယ်” လို့ သူမက ​ပြောပြခဲ့ပါတယ်။ ဒါ​တွေဟာ ခုလို မင်းသမီး​ကောင်းတစ်​ယောက် ဖြစ်လာဖို့ သူမ ဘယ်​လောက်ထိ ကြိုးစားခဲ့ရတယ်ဆိုတာကို သက်​သေပြ​နေတဲ့ အချက်​တွေပဲ ဖြစ်ပါတယ်။

Source : Koreaboo
Photo : Pinterest
Written : ZL

Share