အချိန်အကြာကြီးပျောက်နေပြီး ဒီနေ့မှ ပရိသတ်တွေကို ပြန်ဆက်သွယ်ခဲ့တဲ့ EXO အဖွဲ့ဝင် Chanyeol

Chanyeol တစ်ယောက်ကတော့ လွန်ခဲ့တဲ့ ၃လက ထွက်ရှိခဲ့တဲ့ အခြေအမြစ်မရှိတဲ့ scandal တွေကြောင့် ကာလအတော်အကြာ social network မှာ တိတ်ဆိတ်နေခဲ့ပါတယ်။ Chanyeol မမှားဖူးလို့ ခံယူထားတဲ့ Chanyeol ရဲ့ ပရိသတ်တွေကတော့ အရင်အတိုင်း သူ့ကို အားပေးမြဲ အားပေးဆဲဖြစ်နေတဲ့ အပြင် feb 23 မှာ ကျရောက်တဲ့ Chanyeol ရဲ့ 9 Years Debut Anniversary ကိုလည်း ကမ္ဘာတဝန်းက ပရိတ်သတ်တွေက ကျင်းပပေးခဲ့ကြပါတယ်။

အလွမ်းကြီးလွမ်းနေရတဲ့ EXO L တွေအဖို့ ဒီနေ့မှာတော့ Chanyeol က lysn app ကနေတဆင့် ပရိသတ်တွေအတွက် ခုလို ရှည်လျားလှတဲ့ စာတစောင်နဲ့ ပြန်လည်ဆက်သွယ်ခဲ့ပါတယ်။ “မင်္ဂလာပါ ကျွန်တော် Chanyeol ပါ။ အချိန်အကြာကြီးနေမှ EXO L တွေကို ပြန်နှုတ်ဆက်ရတာပါ။ ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်တော့်ကို အချိန်အကြာကြီးစောင့်ဆိုင်းနေခဲ့တဲ့ EXO L တွေကို ကျွန်တော် တောင်းပန်ပါတယ်။

စာရေးပြီးမ​ဖော်ပြနိုင်လောက်အောင် ကျွန်တော် တောင်းပန်ချင်မိပြီး EXO L တွေ အကြောင်းကိုလည်း ကျွန်တော်အများကြီးစဉ်းစားနေခဲ့ပါတယ်။ ဒီအတောအတွင်းမှာ EXO L တွေကို ဘယ်လိုစကားလုံးတွေနဲ့ ပြန်တောင်းပန်ရင်ကောင်းမလည်းဆိုပြီး ထပ်တလဲလဲ တွေးပူရင်း တွေးပူခဲ့ရပါတယ်။

ကျွန်တော့်မွေးနေ့တုန်းက ပေးပို့ပေးခဲ့တဲ့ အားပေးတဲ့စာစောင်တွေ မွေးနေ့ဆုတောင်းစာတွေ အတွက်လည်း ကျေးဇူးတင်စွာနဲ့ လက်ခံရရှိကြောင်းပြောချင်ပါတယ်။ တခုပြီးတခုဖတ်ကြည့်ရင်း ကျေးဇူးတင် ဝမ်းနည်းဝမ်းသာ ခံစားချက်တွေဟာ ထိိန်းမချုပ်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။

EXO L တို့ရဲ့ ဒီနွေးထွေးတန်ဖိုးရှိလှတဲ့ စိတ်သဘောထားတွေကို ဘယ်လိုစောင့်ရှောက်ပေးပြီး ဘယ်လိုပြန်ပေးဆပ်ရမလည်းမသိတဲ့အထိ အများကြီး စဉ်းစားခဲ့ပြီး နောက်ထပ်ဒီလိုစိတ်ပူရမဲ့အဖြစ်မျိုးတွေ မရှိအောင်လုပ်ရမယ်ဆိုပြီး ကိုယ့်ကိုယ်ကို သတိပေးနေမိပါတယ်။ ပြီးတော့ ကျွန်တော့ကို ယုံကြည်ပေးခဲ့ကြတာ အမှားမရှိဖူးဆိုတာကို ကျွန်တော် ရှေ့ဆက်အကောင်းဆုံးကြိုးစားပြီး သက်သေပြပေးပါ့မယ်။

နေ့ရက်တွေ ပြောင်းလဲသွားပေမဲ့ ကျွန်တော် ပထမဆုံးစတင်ခဲ့တဲ့ ပုံရိပ်ကနေစပြီး ဖြတ်သန်းခဲ့တဲ့ အချိန်တိုင်းကို မမေ့ပါဖူး။ ပြီးတော့ ကျွန်တော်ရဲ့ Debut သက်တမ်း 9 နှစ်ပြည့် anniversary ကို ဂုဏ်ပြုပေးခဲ့ကြတဲ့ ပရိသတ်တွေ အားလုံး အယောက်တိုင်းကို ကျွန်တော် စိတ်ရင်းနဲ့ကျေးဇူးတင်မိပါတယ်။

ကျွန်တော်လည်း လွန်ခဲ့တဲ့ 9 နှစ်က ကျွန်တော့်ရဲ့ ပထမဆုံးပုံစံကို မေ့မရဘဲ ခုထိသတိရနေပါတယ်။ အာ့တုန်းကထားရှိခဲ့တဲ့ စိတ်သဘောထားကိုလည်း ကျွန်တော်လုံးဝမမေ့ပါဖူး။ ပရိသတ်တွေပို့သတဲ့ အဆုံးမဲ့ချစ်ခြင်းမေတ္တာတရားတွေအတွက် ကျွန်တော် သေချာပေါက် ပြန်ပေးဆပ်သွားမှာပါ။ EXO L တွေ ကျန်းမားရေးအမြဲဂရုစိုက်ကြပါနော်။ ကျေးဇူးတင်ပါတယ်”

စာက ဖတ်ရတာ တော်တော်ရှည်ပေမဲ့ Chanyeollie ရဲ့ စိတ်ရင်းတွေကို ပရိသတ်ကြီးက ခံစားမိကြမှာပါ။ Social network မှာ 119 ရက်ကြာအောင် ပျောက်နေပြီးမှ ခုလို official ပြန်ပေါ်လာတဲ့အတွက် ပရိသတ်တွေလည်း အရမ်းပျော်နေမယ်လို့ ထင်ပါတယ်။

Source: Lysn chat from EXO’s Chanyeol
Written: Violet

Share