အရင်းနှီးဆုံး သူငယ်ချင်း​တွေက ​ပြောပြတဲ့ G-Dragon နဲ့ Jennie တို့ရဲ့ နောက်ဆက်တွဲ ဆက်ဆံ​ရေး

G-Dragon နဲ့ Jennie ရဲ့ dating သတင်း​တွေ ထွက်​ပေါ်ပြီး ​နောက်မှာ​တော့ သူတို့နှစ်ဦးရဲ့ အရင်းနှီးဆုံးသူငယ်ချင်းများက သူတို့နှစ်ဦးရဲ့ ဆက်ဆံ​ရေးဟာ အစတည်းက ဖုံးကွယ်ထားခြင်းမရှိ​ကြောင်း ​ပြောကြားခဲ့ပါတယ်။ မီဒီယာ​တွေရဲ့ ​ဖော်ပြချက်​တွေအရ Jennie နဲ့ G-Dragon ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း​တွေဟာ အစတည်းက သူတို့ရဲ့ ဆက်ဆံ​ရေးကို သိထားပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ သူငယ်ချင်းတစ်​ယောက်က “သူတို့နှစ်​ယောက်ဟာ သူတို့ရဲ့ ဆက်ဆံ​ရေးကို ဖုံးကွယ်ထားခြင်း မရှိပါဘူး။ သူတို့ရဲ့ သူငယ်ချင်း​အသီးသီးကို ချစ်သူရည်းစားအ​နေနဲ့ အပြန်အလှန် မိတ်ဆက်​ပေးခဲ့ပါတယ်။ တစ်ခါတစ်​လေ သူငယ်ချင်း​တွေ အားလုံးနဲ့ အတူတူ ​လျှောက်လည်ကြပါတယ်” လို့ SPOTV News ကို ​ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ထိုသူက “သူတို့နှစ်​ယောက်က လက်ရှိ အ​ခြေအ​နေ​တွေ​​ကြောင့် သူတို့နှစ်​ယောက်ရဲ့ ဆက်ဆံ​ရေးကို တရားဝင် ချမပြချင်ခဲ့ဖြစ်မယ်လို့ ထင်ပါတယ်” လို့လည်း ​ပြောပြခဲ့ပါတယ်။ ​နောက်ထပ် သူငယ်ချင်းတစ်ဦးက​တော့ “သူတို့အတွက် လူသိရှင်ကြား တွဲဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။

ကျွန်​တော့်အထင်​တော့ သူတို့ရဲ့ အနုပညာလမ်းခရီးမှာ ဘယ်သူ့ရဲ့ ​ကောင်​လေး ဘယ်သူ့ရဲ့ ​ကောင်မ​လေးဆိုပြီး ​အမည်တွင်သွားမှာကို နှစ်​ယောက်လုံး ကြိုက်ပုံမရပါဘူး” လို့ ​ပြောခဲ့ပါတယ်။ G-Dragon အ​နေနဲ့ dating သတင်းထွက်တာဟာ ပထမဆုံးအကြိမ်မဟုတ်ပဲ ယခင်က ထွက်ခဲ့ဖူးတဲ့ dating သတင်း​တွေကိုလည်း ဝန်ခံခဲ့ခြင်း မရှိပါဘူး။

ယခင်က G-Dragon ဟာ လူသိရှင်ကြား ရည်းစားထားတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို MBC ရဲ့ ‘Radio Star’ အစီအစဉ်မှာ မျှ​ဝေခဲ့ဖူးပါတယ်။ သူက “ဒါက​တော့ လူ​တွေရဲ့ သ​ဘောထားနဲ့ ဆိုင်မယ်ထင်တယ် ကျွန်​တော်က​တော့ ကျွန်​တော့်​ကောင်မ​လေးက အဲ့လိုလုပ်ဖို့ ဆန္ဒမရှိသ​ရွေ့ လူသိရှင်ကြား ဝန်ခံမှာ မဟုတ်ပါဘူး။

ဘာလို့လဲဆို​တော့ ကျွန်​တော်က နာမည်ကြီးတစ်​ယောက်ဖြစ်​နေတဲ့အတွက် ကျွန်​တော့်​ကောင်မ​လေးက အများကြီး ပိုပြီး ထိခိုက်နစ်နာလိမ့်မယ်လို့ ထင်တယ်။ ပရိသတ်​တွေမှာလည်း သိပိုင်ခွင့်ရှိပါတယ် ဒါ​ပေမဲ့ ဒီဟာကို ​ထုတ်​ဖော်​ပြောဖို့ တာဝန်ဝတ္တရားက​တော့ ကျွန်​တော့်မှာ မရှိဘူး​လေ” လို့ ​ပြောပြခဲ့ပါတယ်။

G-Dragon နဲ့ Jennie တို့ ချစ်သူ​တွေဖြစ်​နေ​ကြောင်းကို ​ဖေ​ဖော်ဝါရီလ ၂၄ ရက်​နေ့ မနက်မှာ Dispatch သတင်းဌာနက ​ဖော်ထုတ်ခဲ့ပြီး YG Entertainment က​တော့ အနုပညာရှင်​တွေရဲ့ ကိုယ်​ရေးကိုယ်တာကိစ္စမို့ ​​ပြောစရာမရှိ​​ပါဘူးလို့ ​ပြောကြားခဲ့ပါတယ်။ ယခုအချိန်ထိ G-Dragon နဲ့ Jennie ဘက်ကလည်း dating နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ​ပြောကြားထားခြင်း မရှိ​သေးပါဘူး။

Source : Allkpop
Photo : Pinterest
Written : ZL

Share