K-Pop အဖွဲ့တွေထဲမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်ကို ပထမဆုံးတင်နိုင်ခဲ့တဲ့ BLACKPINK

စံချိန်​ပေါင်းများစွာရဲ့ အရှင်သခင်မတွေဖြစ်တဲ့ BLACKPINK အဖွဲ့ကတော့ သီချင်းကောင်းတွေနဲ့အတူ အမာခံပရိသတ်တွေရဲ့ အားပေးမှုကို အလုံးစုံရရှိထားပါတယ်။ အားပေးသူတွေရဲ့အထောက်အပံ့ကြောင့်ပဲ K-Pop သမိုင်းတစ်လျှောက် ပထမဆုံးသော စံချိန်တင်မှတ်တမ်းကို BLACKPINK အနေနဲ့ ရေးထိုးနိုင်ခဲ့ပြန်ပါပြီ။

February လ 23 ရက်နေ့တုန်းက BLACKPINK အဖွဲ့ရဲ့ “DDU-DU DDU-DU” သီချင်းဟာ YouTube ကနေ ဝင်ရောက်နားဆင်သူ 1.5 billion ရှိသွားပြီဖြစ်ကြောင်း KST မှ ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီစံချိန်ကတော့ K-pop group တွေရဲ့ MV ကြားမှာတော့ ပထမဆုံးမှတ်ကျောက်တင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်လာခဲ့တာပါ။

“DDU-DU DDU-DU” ဟာ ၂၀၁၈ ခုနှစ် June 15 ရက်နေ့မှ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး ၂နှစ်၊ ၈လ နဲ့ ၈ ရက် အကြာမှာ ဝင်ကြည့်နားဆင်သူ 1.5 billion view ကို ရရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာကျော်သီချင်းဖြစ်တဲ့ PSY ရဲ့ “Gangnam Style” ကလည်းပဲ YouTube ကနေ နားဆင်သူပေါင်း 1.5 billion ကျော်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။

Kpop အဖွဲ့တွေရဲ့ မြောက်မြားစွာသောသီချင်းကောင်းတွေထဲမှာမှ BLACKPINK ရဲ့ “DDU-DU DDU-DU” သီချင်းဟာ အမြင့်ဆုံးစံချိန်ကို ပထမဆုံးအကြိမ်တင်နိုင်ခဲ့တာမို့လို့ ကောင်မလေး ၄ ယောက်အတွက်ကော၊ အမာခံအားပေးသူ BLINK နဲ့ အခြားနားဆင်သူတွေအတွက်ပါ ဂုဏ်ပြုလိုက်ပါတယ်။

Source: Soompi
Photos: Twitter
Written: Nay Chi

Share