နောက်လ March လ မှာ တကိုယ်တော်လှုပ်ရှားမှုတွေ အများကြီးရှိနေတဲ့ Rosé လေး

BLACKPINK အဖွဲ့ရဲ့ Rosé ကတော့ SBS ရဲ့ Variety show အစီအစဉ် တခုဖြစ်တဲ့ My Little Old Boy (My ugly Ducking) မှာ Gest အဖြစ်ပါဝင်သွားဖို့ အစီအစဉ်ရှိပါတယ်။ Rosé ရဲ့ solo activities တွေကို ဒီ 2021 မှာ အများကြီးလုပ်သွားမယ်ထင်ပါတယ်။

သူမရဲ့ solo debut ကို လာမဲ့ March လမှာ ပြုလုပ်မှာ ဖြစ်ပြီး ခု အစီအစဉ်မှာ ပါဝင်သွားမဲ့ အကြောင်းကိုတော့ Sports Donga ရဲ့ သတင်းကနေ ကြားသိခဲ့ရတာဖြစ်ပါတယ်။ ဒီ My Little Old Boy အစီအစဉ်အတွက် အသံသွင်းရိုက်ကူးနေတာ ပြီးသလောက်ရှိနေပြီ ဖြစ်ပြီး March လမှာ ထုတ်လွှင့်တင်ဆက်သွားမယ်လို့လည်း သိရှိရပါတယ်။

ဒီ Variety show အစီအစဉ်ကို အရင်က BLACKPINK အဖွဲ့ဝင်လေးယောက် စုံစုံလင်လင်နဲ့ သွားရောက်ဖူးခဲ့ပြီး စီနီယာဖြစ်တဲ့ Big Bang အဖွဲ့ဝင် Seungri နဲ့ ပါ အတူရိုက်ကူးတင်ဆက်ခဲ့တာဖြစ်ပါတယ်။ ခု နှစ်နှစ်ခွဲလောက်ကြာပြီးတဲ့နောက်မှာတော့ Rosé တစ်ယောက်တည်း အစီအစဉ်ကို သွားမှာဖြစ်ပြီး “Movengers” တွေနဲ့အတူ Celebrities တွေနဲ့ပက်သက်ပြီး အတွေးအမြင်တွေကို show မှာ ပြန်လည်မျှဝေကြမှာဖြစ်ပါတယ်။

SBS ကလည်း Rosé ဟာ March လမှာ ဒီ show ရဲ့ Special MC အဖြစ် ပါဝင်တင်ဆက်သွားမယ်ဆိုတာ အတည်ပြု confirmed ပေးခဲ့ပါတယ်။ News N သတင်းအရ Rosé နဲ့ အတူတွဲရိုက်ကူးခဲ့တဲ့ show ရဲ့ PD တွေ ဆီက ခုလိုကြားသိခဲ့ရပါတယ်။

“Rosé ဟာ ချစ်ဖို့ကောင်းတဲ့ အမူအရာများတဲ့လူမျိုးမို့ recording လုပ်နေတဲ့ တချိန်လုံး အမေတွေဆီက ချစ်ခြင်းကိုခံရကြောင်း၊ အကြာကြီးနေမှ variety show မှာ ပြန်လည်ပါဝင်တာဖြစ်ပေမဲ့ ကြောင်နေတာမျိုး မရှိဘဲ အရမ်းကို ကောင်းကောင်းလုပ်သွားခဲ့ပြီး rosé ရဲ့ မထင်ရတဲ့ မမြင်ဖူးခဲ့တဲ့ ဆွဲဆောင်မှုတွေကြောင့် ပရိသတ်တွေက သူမကို ပိုကြွေသွားကြမှာ ထင်ကြောင်း” စသဖြင့် ပြောပြခဲ့ပါတယ်။

Rosé လေးရဲ့ သတင်းတွေကတော့ မွှေးနေတာဘဲနော်။ ဘာဘဲလုပ်လုပ် အလုပ်ကြိုးစားတတ်သူလေးမို့ solo activities တွေနဲ့လည်း ထွန်းတောက်လာအုံးမှာပါ။ Rosé တစ်ယောက် ရှေ့ဆက်အများကြီး အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Source: Koreaboo
Written: Violet
Photo Credit: Rosé IG update

Share